Ep (7) ❤

890 116 6
                                    

Unicode

ဒီနေ့နဲ့ဆို ငါးရက်ရှိပြီ...။
ပေါ်တာနဲ့မတွေ့ဖြစ်တာ..

ဟိုနေ့ကတည်းက သူ့ကိုအဆက်အသွယ်မလုပ်တော့ဘဲ နေခဲ့တယ်။
သူအရင်ဆက်သွယ်လာမှာကို စောင့်နေခဲ့တာဆို ပိုမှန်လိမ့်မယ်။

ဒရေကို သူ့ရဲ့ ph ကိုဖွင့်ကြည့်လိုက်၏။
လင်းလာတဲ့ ph မျက်နာပြင်ပေါ်မှာ ဟယ်ရီရဲ့ massage တစ်စောင်တောင် ရှိမနေခဲ့ပေ။

"ဒီနေ့လဲ massage တစ်စောင်တောင် ရောက်မလာဘူးပဲ.."
ဒရေကို တိုးလျလျလေသံဖြင့် ရေရွတ်မိ၏။

ဟယ်ရီက သူ့အနားကနေ အဝေးကိုထွက်သွားပေမဲ့ သူကတော့ထိုနေရာမှာပဲ ကျန်ရစ်ခဲ့တယ်ထင်သည်။

ဒရေကို အတွေးတွေကို ရှင်းထုတ်လိုက်ပြီး ဧည့်ခန်းထဲသို့ ဝင်လာခဲ့၏။

လူစီးရပ်စ် မက်ဖွိုင်းက ဧည့်ခန်းကဆိုဖာခုံပေါ်မှာ မိန့်မိန့်ကြီးထိုင်နေလေသည်။

"ဒရေကို..ငါမင်းကိုပြောစရာရှိတယ် ဒီကိုခနလာပါအုံး.."

ဒရေကိုလဲ သူ့အဖေနားကို သွားလိုက်ပြီး..

"ဟုတ် ပြောပါ.."

"ဒစ်ဂိုရီအိမ်တော်က ဖိတ်စာပို့ထားတယ် စစ်ထရစ် ဒစ်ဂိုရီ ရဲ့ မွေးနေ့ပါတီ..မင်းသွားရမယ်.."

"ကျွန်တော် မသွားဘူး ဒက်ဒီ.."

ဒရေကိုရဲ့ အဖြေကြောင့် လူစီးရပ်စ် ဒေါသထွက်သွားကာ မျက်နာမှာချက်ချင်း တင်းမာသွား၏။

"မင်းသွားရမယ်..ဒက်ဒီတို့စီးပွားရေးအတွက် ဒစ်ဂိုရီ မိသားစုနဲ့ ခိုင်မာတဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်ထားရမယ် မင်းနားလည်လား.."

"ကျွန်တော် မသွားဘူး.."

"မင်းသွားကိုသွားရမယ်..အဲ့တာ ငါ့အမိန့်ပဲ! "

ဒရေကို သူ့အဖေရဲ့ စကားများကို ဆက်နားမထောင်နေတော့ပဲ ထိုနေရာကနေ ထွက်လာခဲ့၏။

ဒက်ဒီရဲ့ အမိန့်တွေ အာဏာတွေကို သူတော်တော်မုန်းနေပြီဖြစ်သည်။

...............................❤

စစ်ဒရစ်ရဲ့ မွေးနေ့ရက်သို့ ရောက်ရှိလာပြီ။

BFF OR NOT (Drarry ❤)Where stories live. Discover now