Unicode
မနက်ခင်းတွင် ဟယ်ရီရဲ့အိမ်ရှေ့သို့ ကားတစ်စီးရောက်လာသည်။ ကားပေါ်မှဆင်းလာသူကတော့ဒရေကို..။ ကြိုတင်ဖုန်းဆက်ထားသဖြင့် ဟယ်ရီက ခပ်မြန်မြန်ထွက်လာသည်။
"ငါအရုပ်စက်ရုံကို သွားတော့မယ် ပေါ်တာ..နယ်ဘက်မှာဆိုတော့ ဒီညအဲ့မှာညအိပ်ရမယ်..မနက်ဖြန်မှပြန်ရောက်မယ်.."
ရုတ်တရက် ဒရေကိုကသူ့ကိုဆွဲဖက်လိုက်တာကြောင့် ဟယ်ရီလန့်သွားသည်။သို့သော်လည်း မရုန်းမိပေ။
"မင်းကိုလွမ်းနေရတော့မှာ..ငါဖုန်းဆက်ရင်ကိုင်နော်..ငါစာပို့ရင်လည်းပြန်ပို့.."
ဒရေကိုရဲ့စကားသံများကို ဟယ်ရီခေါင်းငြိမ့်ကာနားထောင်နေရသည်။
"အဲ့ဒါဆို ငါသွားတော့မယ် ပေါ်တာ..ရောက်ပြီဆို ဖုန်းလှမ်းဆက်မယ်.."
ဒရေကိုကနှုတ်ဆက်ကာ ကားပေါ်တက်သွားသည်။ ဟယ်ရီလည်း ဒရေကိုထွက်သွားသည်အထိ ရပ်ကြည့်နေပြီး အိမ်ပေါ်သို့ပြန်တက်ခဲ့လေသည်။
............................❤
ညနေခင်းအချိန်တွင် လော့မောင်ဘင်လမ်းလေးသည် တိတ်ဆိတ်ငြိမ်သက်နေ၏။ နေရာကိုအသေအချာမသိသော်လည်း ကားဆရာ၏အကူအညီဖြင့် ဟယ်ရီထိုလမ်းကိုရောက်လာခြင်းဖြစ်သည်။ တစ်ယောက်တည်းလာရသည်ဖြစ်၍ ခါးကြားမှာလည်း ဓားမြှောင်အသေးလေးကို အဆင်သင့်ထိုးထားသည်။ ဂိုဏ်းအတွင်း လူသတ်မှုများဖြစ်နေသည့်အချိန်တွင် အရာရာကိုသတိထားနေရမည်ဖြစ်သည်။
လမ်းအတွင်းကော်ဖီဆိုင်သည် တစ်ဆိုင်သာရှိလေသည်။ ဆိုင်နာမည်က "Rose" တဲ့။
ဟယ်ရီလည်းဆိုင်ထဲဝင်သွားလိုက်တော့ အထဲမှာကောင်မလေးတစ်ယောက်ရှိနေသည်။ ထိုကောင်မလေးက နောက်ကျောပေးကာ ကော်ဖီဖျော်နေလေသည်။ သူတော်တော်ရင်းရင်းနှီးနှီးမြင်ဖူးနေသည်။ထိုကောင်မလေးက သူ့ကိုလှည့်ကြည့်သည့်အခါ အတော်ပင်အံ့သြသွားရသည်။
ဂျင်းနီ..။ဂျင်းနီက ပြုံးပြုံးရွှင်ရွှင်ဖြင့် သူ့အနားကိုရောက်လာသည်။
"ဘာသောက်မလဲရှင့်.."
ဟယ်ရီဘာမှမပြောဘဲကြောင်ကြည့်နေသဖြင့် ဂျင်းနီကထပ်မေးသည်။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤