Ep (3) ❤

1.3K 154 12
                                    

Unicode

"ကျွီ ~~ "

ကားရပ်သံကိုကြားလိုက်သဖြင့် ဟယ်ရီအမြန်ပဲ ထွက်ကြည့်လိုက်သည်။

ကားပေါ်ကနေ အဖေဆင်းလာတာကို တွေ့လိုက်ရသဖြင့် ဟယ်ရီ ပျော်သွား၏။

"သား..ထူးထူးခြားခြား အိမ်မှာရှိနေပါလား.."

ဟယ်ရီ ဘာမှမဖြေပဲ အဖေကိုသာ ဖက်ထားမိ၏။

"သား..မုန့်ဖိုးလိုချင်လို့လား..အဖေဟိုနေ့ကပဲ ပေးထားတာလေ ကုန်သွားပြီလား.."

ဟယ်ရီ ဘာမှပြန်မဖြေမိပေ...။

ထိုအချိန် လီလီက ထွက်လာပြီး..

"သားရယ် မင်းအဖေ ချွေးနံ့ဒီလောက်နံစော်ညစ်ပတ်နေတာကို ဖက်မနေစမ်းပါနဲ့.."

"ကိုယ်ကဒီလောက်သန့်တာကို မင်းမို့လို့အဲ့လိုပြောတယ်နော်..သား..မင်း..ခနဖယ်အုံး.."

ဂျိန်းစ်သည် ဟယ်ရီရဲ့ကိုယ်ကိုခွာလိုက်ပြီး
လီလီနားကို တဖြည်းဖြည်း ကပ်သွားကာ..

"ရှင် အနားမတိုးလာနဲ့နော်.."

"တိုးတော့ ဘာဖြစ်လဲ.."

ဂျိန်းစ်သည် လီလီကို သူ့ရဲ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။

"လွှတ် ရှင်နော်..ကလေးရှေ့မှာ ဘယ်လို့ဖြစ်နေတာလဲ.."

"မင်းသားကရိုးနေပြီ..ဟုတ်တယ်မလား..သား.."

ဟယ်ရီလဲ ဘာပြောရမှန်းမသိတာနဲ့ ခေါင်းပဲငြိမ့်လိုက်၏။

ဟယ်ရီ အမြဲတမ်း မိဘတွေရဲ့ နွေးထွေးမှုကို လိုချင်ခဲ့တာ ဖြစ်သည်။

အခု အမှန်တကယ် မိသားစုရဲ့ နွေးထွေးမှုလေးကို ဟယ်ရီ ခံစားလိုက်ရ၏။

......................❤

ဟယ်ရီ ညစာစားပြီးသွား၍ ဝရန်တာမှာ လေကောင်းလေသန့်ရှူရင်း မတ်တက်ရပ်နေသည်။

"သားရေ.."

"ဗျာ.."

"သား မနက်ဖြန် ဒရေကိုနဲ့ ဂိုဏ်းရုံးချုပ်ကိုသွားပေးပါအုံး.."

တစ်ခါမှမကြားဖူးတဲ့ စကားကိုကြားလိုက်ရသဖြင့် ဟယ်ရီ ကြောင်သွား၏။

BFF OR NOT (Drarry ❤)Where stories live. Discover now