Unicode
ဒရေကို ရေမိုးချိုးပြီး အောက်ဆင်းလာတော့ ဧည့်ခန်းတွင်ထိုင်ကာ ကော်ဖီသောက်နေသော လူစီးရပ်စ် ကို တွေ့ရသည်။
လူစီးရပ်စ်သည် ရှပ်အင်္ကျီအဖြူပေါ်တွင်မှ ခဲရောင်ကုတ်ထပ်ဝတ်ထားကာ စတိုင်ပင်ဘောင်းဘီအနက်ရောင်နှင့် အသက်လေးဆယ်ကျော်လို့ မထင်ရလောက်အောင်နုနယ်နေသည်။
" အစောကြီးနိုးပါလား ဒရေကို "
" ဟုတ် ဒက်ဒီ့ကိုလေယာဥ်ကွင်းလိုက်ပို့ပေးချင်လို့ စောစောထတာပါ "
ဒရေကို ဥာဏ်နီဥာဏ်နက်များကို အသုံးချလိုက်တော့သည်။ အမှန်တော့ အိမ်မက်ဆိုးမက်လို့ လန့်နိုးလာတာသာဖြစ်သည်။ ပုံမှန်ဆို သူသည် သည်အချိန်အိပ်ရာထသည့်သူမဟုတ်။
" ဟုတ်ပါပြီ ဒါပေမဲ့ မင်း လေယာဥ်ကွင်းမလိုက်နဲ့တော့ .. ငါက ဆေဗားရပ်စ်ဆီအရင်သွားပြီးမှ တွန်ရစ်ဒယ်နဲ့ လေယာဥ်ကွင်းသွားမှာမို့လို့ "
" ဟုတ်ကဲ့ ဒက်ဒီ "
" သြော် ဒါနဲ့ ဟိုကလေးနှစ်ယောက်ကို မင်းဘယ်လိုလုပ်မှာလဲ "
" စကောပီးယပ်စ်နဲ့ အဲလ်ဘတ်စ် ကိုပြောတာလား "
" အင်း "
" ကျွန်တော်သူတို့ကိုမွေးစားမှာလေ ဒက်ဒီ စာချုပ်တောင်ချုပ်ပြီးသွားပြီ "
" မင်းဘယ်သူ့ခွင့်ပြုချက်နဲ့ ဒါတွေလုပ်ခဲ့တာလဲ ဒရေကို မက်ဖွိုင်း "
လူစီးရပ်စ်သည် ကော်ဖီခွက်ကို စားပွဲပေါ်ချလိုက်ပြီး ထိုင်ခုံမှထရပ်လိုက်ကာ သူ့မျက်လုံးကို တည့်တည့်ကြည့်လျက်ပြောသည်။
" သူတို့အဖေက ဘယ်လိုကြောင့်အသက်ဆုံးရှုံးသွားလဲ ဒက်ဒီလည်းသိတာပဲ..ကျွန်တော်အပြစ်မကင်းသလိုခံစားရလို့..အဲ့တာကြောင့်.."
" ငါခွင့်မပြုဘူး ဒရေကို.. သူတို့က ငါ့မြေးမဟုတ်ဘူး "
ဒရေကို လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားမိသည်။
ဒေါသဖြစ်၍လား ၊ စိတ်မကောင်း၍လားတော့ သူသေချာမသိပါ ။ ဒါပေမဲ့ သူ့စိတ်တွေ ဂနာမငြိမ်တော့ ။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤