Unicode
" ဟယ်ရီ လာလေ ဘာလုပ်နေလဲ "
" ဟင် အင်း လာပြီ လာပြီ "
သူပြောရင်းနဲ့ ရှေ့တွင်ရှိနေသော ရေမြောင်းကို ခွကျော်လိုက်ပြီး ဒရေကိုဆီသို့ အပြေးသွားလိုက်သည်။
ရှပ်အဖြူရောင် ၊ ဂျင်းဘောင်းဘီ အနက်ရောင်နဲ့ အနှီလူသားလေးသည် နေကြာပန်းခင်းကြီးနဲ့အပြိုင် လှနေသည်။
ဘယ်လောက်ထိလှလဲဆို သူ့မျက်လုံးထဲမှာ နေကြာပန်းတွေကိုတောင် မမြင်တော့သည်အထိပေါ့။
ဒရေကိုသည် နေကြာပန်းတစ်ပွင့်ကိုယူလိုက်ပြီး သေချာကြည့်နေသည်။ နေရောင်အောက်တွင် ဆံနွယ်ဖြူတို့နဲ့ ထိုလူသားလေးကို သူ တစ်စက္ကန့်မှ မလွတ်အောင် ကြည့်နေမိသည်။
" ကြည့်လှချေလား ဟယ်ရီ ငါအရမ်းချောနေလို့လား "
" အွန်း အရမ်းပဲ
သူပြောတော့ ဒရေကိုက ရယ်သည် ။ ပြီးတော့ သူ့ဘက်ကိုလှည့်လာပြီး နေကြာပန်းလေးကို ကမ်းပေးသည်။
" ယူမလား ဟယ်ရီ "
" အင်း "
နေကြာပန်းလေးကို လှမ်းယူလိုက်ပြီး..
" ဒရေကို ငါ .. ငါမင်းကို ပြောစရာရှိတယ် "
" အင်း ပြောလေ ဟယ်ရီ "
ဟယ်ရီသည် ဘာမှမပြောသေးဘဲ ဒရေကိုရဲ့ပါးကို ဖျတ်ခနဲနမ်းလိုက်သည်။
" ဟယ်ရီ မင်းဘာလုပ်တာလဲ "
ဒရေကို့ရဲ့ မျက်လုံးထဲတွင် ဒေါသရိပ်များသမ်းလျက် ၊ ဟယ်ရီ့ကို စူးစူးဝါးဝါးကြည့်နေသည်။
" ငါ .. ငါ မင်းကို ချစ်တယ် ဒရေကို .. မင်းလည်းသိတာပဲ ငါ.. မင်းကိုသိပ်ချစ်တယ် "
ဒရေကိုသည် တောက်စ်တစ်ချက် ခပ်ပြင်းပြင်းခေါက်လိုက်ပြီး ဟယ်ရီရဲ့ ပုခုံးကို အားနဲ့ဆုပ်ကိုင်လိုက်သည်။
" ငါ့မှာ သဘောကျတဲ့သူရှိတယ် ဟယ်ရီ .. အဲ့တာကို ငါဘယ်နှခေါက်ပြောရမလဲ .. မင်းက ငါငယ်ငယ်ကတည်းက ခင်ခဲ့တဲ့ သူငယ်ချင်းမို့လို့ ၊ ငါ့ရဲ့တစ်ဦးတည်းသော သူငယ်ချင်းမို့လို့ ငါဒီလောက်ထိ သည်းခံနေတာ အဲ့တာကို မင်းက အခွင့်ကောင်းယူနေတာလား ဟမ် "
YOU ARE READING
BFF OR NOT (Drarry ❤)
Hayran Kurguဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤