Ep (22) ❤

450 52 0
                                    

Unicode

"ရောက်လာပြီလား..အိုလီဗာ..လာထိုင်လေ.."

အိုလီဗာ ဖုန်းကိုစားပွဲပေါ်တင်လိုက်ပြီး တွန်ရစ်ဒယ်ရဲ့ ရှေ့တွင်ဝင်ထိုင်လိုက်သည်။ စားပွဲပေါ်တွင် စာရွက်စာတမ်းများက ပြန့်ကျဲကာရှုပ်ပွနေပြီး တွန်ရစ်ဒယ်သည်လည်း အမြဲမြင်နေကြပုံစံအတိုင်း တည်ကြည်ခန့်ညားမနေပဲ ဆံပင်တို့ကထိုးထိုးထောင်ထောင်ဖြစ်လျက် မျက်နာကလည်း သိသိသာသာချောင်ကျနေလေသည်။

"ဘယ်လိုဖြစ်တာလဲ တွန်..မင်းပုံစံက.."

"ဒီရက်ပိုင်း အိပ်မပျော်လို့ပါ..ဒါနဲ့ ဘာလို့ဂိုဏ်းချုပ်ကိုလှည့်တောင်မလာရတာလဲ.."

"ဒီလိုပါပဲ..ငါလည်း မအားတာနဲ့.."

အင်း..ဘာကြောင့်မလာတာလဲဆိုရင်တော့ စစ်ဒရစ်ကြောင့်ပေါ့။ ဒါပေမဲ့ သူအမှန်အတိုင်း မပြောဖြစ်ခဲ့ပါ။

အနက်ရောင်စံအိမ်တော်ကြီးကို သူတို့ဂိုဏ်းရဲ့ ဂိုဏ်းချုပ်အဖြစ် တွန်ရစ်ဒယ်နဲ့အခြားလူကြီးများက သတ်မှတ်ခဲ့ကြတာဖြစ်သည်။
ထိုစံအိမ်သည် တွန်ရဲ့အိမ်ဖြစ်ပေမဲ့လည်း တွန်က ထိုနေရာတွင် သိပ်မနေပေ။
ပရိဘောဂဆိုင်လို့ အမည်ခံထားတဲ့ နှစ်ထပ်အိမ်ပုလေးတွင်သာနေလေ့ရှိသည်။
အခုလည်း သူထိုအိမ်ကိုရောက်နေခြင်းပင်။

"မင်းဂိုဏ်းကထွက်ဖို့လုပ်နေတယ်ဆို..ဦးလေးလူစီးရပ်ပြောပြတာ.."

"အင်း.."

"ငါ့မှာလူယုံတွေသိပ်မရှိတော့ဘူး..အိုလီဗာ..ဖြစ်နိုင်ရင် မင်းကိုမထွက်စေချင်ဘူး..ငါယုံကြည်ရတဲ့သူဆိုလို့ ဒရေကိုရယ် မင်းရယ် ဟယ်ရီရယ် ငါ့လက်ထောက်ရယ် ပဲရှိတာ..ငါ့လက်ထောက်ကလည်း မနေ့ကပဲအသတ်ခံလိုက်ရတယ်..ပြီးတော့ ဒရေကိုနဲ့ဟယ်ရီကလည်း ငါ့ကိုမယုံတော့ဘူး.."

တွန်ရစ်ဒယ်ရဲ့အသံသည် အက်ကွဲနေသည်။
အခုမှပဲ တွန် ဘာကြောင့်ဒီလိုပုံဖြစ်နေမှန်း နားလည်တော့သည်။ သူ့လက်ထောက်ကို ဆုံးရှုံးလိုက်ရတာကြောင့်ပင်။

"ငါ့အစားအသေခံသွားတာ..ငါ့လူတွေအပေါ် ငါတာဝန်မကျေဘူး.."

တွန်ရစ်ဒယ်ရဲ့ မျက်နာကအေးစက်နေပေမဲ့လည်း ငယ်ငယ်ကတည်းက သူငယ်ချင်းဖြစ်လာတဲ့အတွက် အိုလီဗာ နားလည်သည်။

BFF OR NOT (Drarry ❤)Where stories live. Discover now