Ep (12) ❤

800 98 7
                                    

Unicode

ဟယ်ရီ ဒရေကို့ကို ဖုန်းဆက်ပြီးတော့ ကိုယ်လက်သန့်စင်ကာ အောက်ထပ်သို့ဆင်းလာခဲ့သည်။

အောက်ထပ်ရောက်တော့ လီလီက သူ့အခန်းထဲက ထွက်လာလေသည်။

"သား အစောကြီးပါလား ဘယ်သွားမလို့လဲ.."

"သား ဒရေကိုနဲ့ အပြင်သွားမလို့.."

"အစောကြီးပဲနော် အမေတောင် မနက်စာမပြင်ရသေးဘူး..သားတို့ အပြင်မှာပဲစားမှာမလား.."

"ဟုတ်..ဒါပေမဲ့ သားတို့ 6 နာရီလောက်တော့ အိမ်ပြန်လာမှာ အမေ.."

"ဟုတ်ပြီ အဲ့တာဆို မနက်စာ ပြင်လိုက်အုံးမယ်နော်.."

လီလီပြောပြီး မီးဖိုချောင်ထဲသို့ ဝင်သွားလေသည်။မနက်အစောကြီးနိုးနေတဲ့ သားဖြစ်သူကို သူမအံ့သြမိပါရဲ့။

ဟိုနေ့တွေတုန်းက ဒရေကို အိမ်ကိုအမြဲလာခဲ့တယ်။လာတဲ့အချိန်တိုင်း ဟယ်ရီကရှိမနေ။
ဒီကောင်လေးနှစ်ယောက် ရန်ဖြစ်ထားတယ်လို့ထင်ခဲ့တာ အခုတော့ပြန်အဆင်ပြေသွားတဲ့အတွက် သူမဝမ်းသာပါသည်။

အိမ်ရှေ့မှာ ကားရပ်လိုက်သံကြားတဲ့အတွက် ဟယ်ရီ အမြန်အပြင်ထွက်ကြည့်လိုက်သည်။ဒရေကို ရောက်လာတာဖြစ်သည်။

ဒီလောက်မြန်မြန်ရောက်လာတဲ့အတွက် သူအံ့သြမိသည်။အမှန်ပဲ နိုးနေတာလား..။
.....

"ပေါ်တာ.."

ဒရေကိုသည် သူ့ကိုအမြဲပဲကြည့်နေတာကြောင့် အနေရခက်လာပြီဖြစ်သည်။

"ငါ့ကိုကြည့်နေတာ ရပ်လို့ရပြီ.."

"ဘာလို့ရပ်ရမှာပဲ မျက်လုံးပါလို့ ကြည့်တာပဲဟာ.."

ဟယ်ရီ ပြောစရာစကားများ ပျောက်ရှသွားတော့သည်။

မနက် လေးနာရီကျော်ကျော်လောက်သာ ရှိသေးတဲ့အတွက် ကောင်းကင်သည် မလင်းတလင်းအခြေအနေလောက်သာ ရှိသေးသည်။

"ငါ့ကို ကားမောင်းပေး.."

"ဘယ်လိုမောင်းပေးရမလဲ ပေါ်တာ.."

"မသိဘူး ကြိုက်တဲ့နေရာသာမောင်းတော့ ငါက ကားပတ်စီးချင်လို့.."

"ဟုတ်ပါပြီ.."

ဒရေကိုဒီနေ့တော်တော်ကိုပျော်နေသည်။
ပေါ်တာနဲ့ မတွေ့ရတာ အချိန်တော်တော်ကြာနေခဲ့ပြီဖြစ်သည်။အလွမ်းရောဂါဟာ ဘယ်လောက်ထိ ဆိုးရွားကြောင်း ချစ်ရသူသိရင်ကောင်းမည်။

BFF OR NOT (Drarry ❤)Where stories live. Discover now