Unicode
ဒီနေ့မနက်နိုးတော့ တွန်ရစ်ဒယ် အစည်းအဝေးရှိလို့ ဟုဆိုကာ ရေခဲသေတ္တာတွင် စာကပ်ထားခဲ့သည်။
အိုလီဗာလည်း အိပ်မှုန်စုတ်ဖွားနဲ့ပဲ ထမင်းစားခန်းထဲဝင်လာခဲ့လိုက်သည်။ ညက ရေချိုးလိုက်တာကြောင့် သူ့အင်္ကျီပြန်မဝတ်ဖြစ်ပဲ တွန်ရစ်ဒယ်ရဲ့ တီရှပ်အဖြူတစ်ထည်ကိုကောက်ဝတ်ထားသည်။
တွန်ရစ်ဒယ်က သူ့နဲ့ယှဥ်ရင် နည်းနည်းဘော်ဒီတောင့်တာကြောင့် အင်္ကျီက မဆိုသလောက်လေး ပွနေပေမဲ့ အဆင်ပြေပါတယ်။ရေခဲသေတ္တာထဲဖွင့်ကြည့်လိုက်တော့ ဆိုဒါတစ်ဘူးနဲ့ ဟမ်ဘာဂါတစ်ခုကို တွေ့ရသည်။
သူလည်း အဲ့တာတွေကိုသာထုတ်ကာ မနက်စာကို တစ်ယောက်တည်း စားလိုက်တော့၏။အမှန်ဆိုရင် မနက်တိုင်း စစ်ဒရစ်နဲ့အတူ မနက်စာစားနေကျ...။
ရယ်လို့မောလို့ပေါ့...။
စစ်ဒရစ်က မနက်ပိုင်းနွားနို့အမြဲသောက်တတ်သူဖြစ်၍ သူစောစောထ၍ ကိုယ်တိုင်ကျိုပြီးဖျော်ပေးရသည်။ စစ်ဒရစ်သည် အပြင်ကဘယ်တော့မှဝယ်မစား ၊ အိမ်တွင်ရှိသော အလုပ်သမားများ ချက်တာကိုလည်း ဘယ်တော့မှမစား ၊ သူချက်ပေးတာကိုသာ စားလေ့ရှိသည်။ အဲ့တာသည် သူဟင်းချက်သင်တန်း တက်ပြီးကတည်းက..။သြော်..သတိရပါသည်။ မေ့မရပေမဲ့လည်း သူ စစ်ဒရစ်နားကို ဘယ်တော့မှ ပြန်မသွားတော့ဘူး။
နာကျင်ရမယ်ဆိုပေမဲ့လည်း အဲ့တာက သူတို့နှစ်ယောက်လုံးအတွက် အကောင်းဆုံးဖြစ်လိမ့်မည်။တွေးနေရင်း မျက်ရည်တို့က ရစ်ဝိုင်းလာတာကြောင့် လက်ဖြင့်ခပ်မြန်မြန်ပွတ်သုတ်လိုက်ပြီး ဆိုဒါကို တစ်ငုံမော့သောက်လိုက်တော့၏။
.........................❤
အနက်ရောင်စံအိမ်တော်ရဲ့ လျှို့ဝှက်ခန်းထဲတွင် လူစုံတက်စုံရှိနေကြသည်။
တွန်ရစ်ဒယ် ၊ လူစီးရပ်စ် ၊ ဂျိန်းစ် ၊ စစ်ဒရစ် ၊ ဟယ်ရီ နဲ့ ဒရေဂို အားလုံးရှိနေကြသည်။"အိုလီဗာရော မလာဘူးလား.."
လူစီးရပ်စ်ရဲ့အမေးကို တွန်ရစ်ဒယ်က ခေါင်းခါပြလိုက်ရင်း..
"သူနေမကောင်းလို့မလာတာပါ..ကျွန်တော့်အိမ်မှာရှိပါတယ်.."
YOU ARE READING
BFF OR NOT (Drarry ❤)
Hayran Kurguဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤