Unicode
မိုးသည် သည်းသည်းမည်းမည်း ရွာချနေသည်။ လျှပ်စီးတို့ဟာလည်း ကောင်းကင်တစ်ခွင်မှာ တစ်ဝင်းဝင်းလတ်လို့နေပါ၏။
လမ်းကျဥ်းလေးတစ်ခုဝယ် လူတစ်ယောက်သည် သူ့အသက်ကိုမသတ်ရန် ဒူးထောက်ကာ တောင်းပန်နေသည်။
" ကျွန်တော် တောင်းပန်ပါတယ်..ကျွန်တော့်ကို မသတ်ပါနဲ့..ခင်ဗျားတို့လိုချင်တဲ့အချက်အလက်တွေ ကျွန်တော် အကုန်ရအောင်လုပ်ပေးနိုင်ပါတယ်.."
ထိုသူရဲ့စကားကို ဂရုမစိုက်စွာ မှောင်ရိပ်ထဲကသူသည် သေနတ်ကို ချိန်လိုက်သည်။
ပြီးတော့.."ဒိုင်း.."
သူခြောက်ကပ်ကပ်ရယ်ကာ သူ့မျက်နာမှာ အနည်းငယ်လာဆင်သော သွေးတို့ကို သုတ်လိုက်သည်။
ထိုအချိန်မှာပဲ..
"ဆရာ ကျွန်တော် အရေးကြီးသတင်းတစ်ခု ကြားလာလို့.."
အနားနားကပ်လာကာ ပြောလာတဲ့ စကားကြောင့် သူ မျက်ခုံးနှစ်ခုတို့ ထိစပ်တော့မည်အထိ မျက်မှောင်ကြုံ့လိုက်ပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်၏။
ပြီးတော့ ရယ်ကာ..
"အဟက်..ဟယ်ရီပေါ်တာ..မင်းအသက်ရှင်နေသေးတယ်ပေါ့.. "
...............................❤
"Ring~~"
ဒရေကို ဖုန်းကိုဖွင့်ကြည့်လိုက်တော့ တွန်ရစ်ဒယ် ခေါ်နေတာပင် ဖြစ်သည်။
"Hello"
"Hello ဒရေကို ပြဿနာဖြစ်တယ် အခု ရုံးချုပ်ကိုလာခဲ့ပေးလို့ရမလား.."
"Ok ငါအခုလာခဲ့မယ်.."
Ph ချလိုက်ပြီး ဟယ်ရီကိုကြည့်လိုက်တော့ ဟယ်ရီက စိတ်ဝင်စားဟန်။
"ဘာဖြစ်လို့လဲ ဒရေကို.."
"တွန်ရစ်ဒယ် ဖုန်းဆက်တာ ပြဿနာဖြစ်နေလို့တဲ့ ငါအခုသွားရမယ်.."
"ငါ..ငါလဲလိုက်ခဲ့မယ်.."
"အင်း.."
.............................❤
တစ်ခနလောက် ကားမောင်းအပြီးမှာတော့ ရုံးချုပ်ကိုရောက်ရှိလာခဲ့သည်။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤