Unicode
"တွန် ပြန်လာပြီလား"
အိုလီဗာ ဆိုဖာပေါ်မှာ ထိုင်နေရင်းကနေမှ လှမ်း၍လက်ပြလိုက်သည်။
တွန်ကသူ့ကိုမြင်တော့ပြုံးပြရင်း သူ့ဘေးတွင်ဝင်ထိုင်လိုက်သည်။"အခြေအနေ ? "
"မင်းအတွက်အလုပ်တစ်ခုပါလာတယ်"
"ဟ"
တကယ်ပါ။ ဒီလောက်ဂိုဏ်းကထွက်မယ်လို့ တဖွဖွပြောနေခဲ့တာတောင် သူ့ကိုတာဝန်ပေးလိုက်သေးသည်တဲ့လား။
"မနက်ဖြန်ည Dream အပျော်စီးသင်္ဘောပေါ်မှာ လေလံပွဲတစ်ခုရှိတယ် ၊ အဲ့ပွဲမှာ ကျောက်စိမ်းကို ငါတို့ကလေလံရအောင်လုပ်ရုံပဲ"
"ဒါပေမဲ့ အရမ်းအန္တရာယ်များတယ် ၊ အခြားဂိုဏ်းတွေကပါရှိနေတော့လေ အခတ်မသင့်ရင် ဂိုဏ်းအချင်းပစ္စည်းကြောင့် တိုက်ကြခိုက်ကြတာတွေ ရှိလာနိုင်တယ်..စစ်ဒရစ်ကတောင် မင်းကိုမသွားစေချင်ဘူး ၊ သူသွားမယ်လုပ်နေတယ်..တကယ်လို့ သူသွားရင် မင်းက မနက်ဖြန် အောက်လမ်းကဝင်လာတဲ့ ပစ္စည်းတွေကို စီစစ်ပေးရမှာ"
ဘာမှမပြောဘဲ ငြိမ်နေကာ စဥ်းစားနေတဲ့ အိုလီဗာက ထိုစကားလည်းကြားရော ချက်ချင်းခေါင်းထောင်လာသည်။
"ငါသွားမယ်"
"တကယ်မင်းသွားမလို့လား အိုလီဗာ..ငါကတော့ စစ်ဒရစ်ကိုသွားခိုင်းတာ ပိုကောင်းမယ်ထင်တယ် ၊ သူကလည်း သူသွားမယ်တဲ့"
"ငါကဘာလို့သူ့စကားကိုနားထောင်ရမှာလဲ"
အိုလီဗာရဲ့အသံသည် အနည်းငယ်ကျယ်သွား၏။
"ဖြည်းဖြည်းပြောပါဟ.."
"ဆောရီး တွန်..ငါအသံမာသွားတယ်.."
"မင်းသွားမယ်ဆိုလည်းပြီးတာပဲ ငါညနေကျရင် ဦးလေးလူစီးရပ်စ်ကို ပြန်သွားပြောလိုက်မယ်..အခုတော့ ရေချိုးအုံးမယ်.."
ဟုဆိုကာ တွန်ရစ်ဒယ်သည် ဆိုဖာမှထလျက် ရေချိုးခန်းထဲသို့ တည့်တည့်မတ်မတ်ဝင်သွားလေသည်။တွန်ရစ်ဒယ်ထွက်သွားမှ အိုလီဗာလည်း စားပွဲပေါ်က လက်ကျန်ကော်ဖီလေးကို တစ်ငုံသောက်ရင်း တီဗီကိုဖွင့်ကြည့်လိုက်သည်။
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤