Ep (10) ❤

912 107 9
                                    

Unicode

"ဆေဗားရပ်စ် မင်းဒီမှာနေမဲ့အတောအတွင်း ငါ့အိမ်မှာနေလေ.."

လူစီးရပ်စ်ပြောနေတဲ့ မျက်နာပုံစံကြီးက ရယ်ချင်စရာကောင်းလှသည်။သို့သော် စနိပ်ဘယ်လောက်ပဲရယ်ချင်နေပါစေ သူ့ရဲ့မျက်နာသည် ပုံမှန်အနေအထားသာ ဖြစ်သည်။

"မနေဘူး.."

သူ့ရဲ့တိုတိုတုတ်တုတ် အဖြေကြောင့် လူစီးရပ်စ် မျက်မှောင်ကြုတ်လိုက်၏။

"မင်း ဒရေကိုကို မတွေ့ချင်ဘူးလား.."

"တွေ့ချင်တာပေါ့.."

"တွေ့ချင်ရင် လိုက်ခဲ့လေ ငါ့အိမ်ကို.."

"ဟင့်အင်း.."

လူစီးရပ်စ် စိတ်ညစ်သွားသည်။
ဆေဗားရပ်စ်သည် မတွေ့ရတာ ဆယ်နှစ်ကြာသွားသော်လည်း အခုထိ အရင်ကအတိုင်း ပြောရဆိုရခက်နေတုန်းပင်။

"အဲ့တာဆို မင်းဘယ်မှာနေမှာလဲ.."

"ငါကခနပဲနေမှာဆိုတော့ ဟိုတယ်မှာပဲနေလိုက်မယ်.."

ဆေဗားရပ်စ်ရဲ့သဘောအတိုင်း လူစီးရပ်စ် ဒရိုက်ဘာကို  မက်ဖွိုင်းအိမ်တော်ရဲ့ အနီးအနားမှာရှိတဲ့ ဟိုတယ်တစ်ခုသို့ မောင်းခိုင်းလိုက်၏။

ဆေဗားရပ်စ်သည် သူ့အပေါ်လွှမ်းမိုးနိုင်လွန်းလှသည်။

...........................❤

ဟယ်ရီ ပါမောက္ခ စနိပ်ကိုသွားတွေ့ချင်ပေမဲ့လည်း မက်ဖွိုင်းအိမ်တော်ကို သူသွားရင် ဒရေကိုနဲ့ သေချာပေါက်ကိုတွေ့ရမှာပင်။

သူ ဒရေကိုနဲ့ မတွေ့ချင်ပါ။
ဒရေကိုနဲ့မတွေ့တာတောင် သူ့အကြောင်းပဲ ဟယ်ရီခေါင်းထဲ အမြဲရောက်ရောက်လာတာဖြစ်သည်။တွေ့သာတွေ့ရင်တော့...။

ဟယ်ရီ ဆက်မစဥ်းစားချင်တော့ပေ။

နောက်နေ့တွေလဲ သူ ဒရေကိုနဲ့မတွေ့ဖြစ်ခဲ့။အဖေ့ရဲ့ကုမ္ပဏီကိုလိုက်သွားပြီး လုပ်ငန်းဆိုင်ရာကိစ္စများကို လေ့လာခဲ့သည်။

ဂိုဏ်းကိစ္စရပ်များကိုလည်း တွန်ရစ်ဒယ်ရှင်းပြလို့ သူအတော်နားလည်လာပြီဖြစ်သည်။

စာရွက်စာတမ်းတွေလုပ်နေရင်း အချိန်တော်တော်ကြာသွားခဲ့ရာ 11 နာရီတောင်ထိုးနေပြီဖြစ်၏။

BFF OR NOT (Drarry ❤)Where stories live. Discover now