Unicode
ညနေခင်းလေအေးအေးလေးတို့က တိုးဝှေ့တိုက်ခတ်နေသည်။ နေဝင်ဆည်းဆာသည် အင်မတန်လှပသည်ဟု စနိပ်ထင်မိသည်။
သူဒီနိုင်ငံကထွက်ခွာခဲ့တုန်းကလည်း ဒီလိုညနေခင်းအချိန်လေးပင်ဖြစ်သည်။ လေယာဥ်ကွင်းသို့သွားသည့် ကားပေါ်ကနေ လှမ်းမြင်ခဲ့ရသည့် နေဝင်ဆည်းဆာပုံရိပ်လေးကို အခုထိ မမေ့သေးပေ။နာဆီဆာ ဆုံးသွားပြီးတဲ့နောက် အမြဲအလုပ်တွေရှုပ်နေခဲ့တဲ့ လူစီးရပ်စ်သည် ဒရေကို့အတွက် အချိန်မပေးနိုင်ပေ။ ဒရေကို့ ဆရာအဖြစ်နဲ့ စနိပ်သည် ဒရေကိုကိုစာသင်ပြပေးရင်း မက်ဖွိုင်းအိမ်တော်မှာနေခဲ့သည်။ ဒါကြောင့်လဲ ဒရေကိုကသူ့ကိုတော်တော်ခင်တွယ်နေတာဖြစ်သည်။ ကြာလာတာနဲ့အမျှ သူ့ရင်ထဲကမြုပ်နှံထားပြီးသော ခံစားချက်တို့သည် လူစီးရပ်စ်ကိုမြင်တိုင်း ပြန်လည်ထွက်ပေါ်လာသလိုပင်။ အဲ့တာကြောင့် ဒရေကို 10 နှစ်အရွယ်တွင် သူထွက်သွားရန်ဆုံးဖြတ်ခဲ့သည်။
"Ting ~ Tong ~~"
တံခါးက ဘဲလ်သံကြားရတော့မှ စနိပ်၏ အတွေးတို့သည် ပစ္စုပ္ပန်သို့ ပြန်ရောက်လာခဲ့သည်။
သူ့စိတ်ထဲတွင် လူစီးရပ်စ်လာသည်ဟု ထင်ခဲ့သော်လည်း တံခါးဖွင့်ကြည့်လိုက်တော့မှ ထင်တာနဲ့တစ်ခြားဖြစ်နေတော့သည်။
"ဒရေကို.."
"ပါးပါး ကျွန်တော် ပါးပါးနဲ့ ညစာအတူတူလာစားတာ.."
လက်ထဲမှာပါလာတဲ့ အစားအသောက်တွေကို မြှောက်ပြရင်း ဒရေကိုကပြောသည်။
လူစီးရပ်စ်က ဒရေကို့အပေါ်အရမ်းစည်းကမ်းတင်းကျပ်လွန်းသည်။ စာမေးပွဲမှာ အမှတ်လျော့လို့ ရိုက်ပြီဆို နောက်ပြီးရင် ဒရေကို့ပေါင်မှာ အလျှိုးရာများသည် မနည်းမနောပင်။ အဲ့လိုရိုက်ခံရပြီးတိုင်း ဒရေကိုသည် သူ့ဆီအပြေးလာလေ့ရှိသည်။ အဲ့အခါကျ ဒရေကို့ကို သကြားလုံးလေးပေးရင်း ချော့မော့ရတာပေါ့။ ပြီးရင် လူစီးရပ်စ်ဆီသွားပြီး နောက်တစ်ခါ အဲ့လောက်ထိမရိုက်ရန် ပြောသည်။ ဒါပေမဲ့လည်း သူတို့သားအဖကိစ္စဆိုတော့ သိပ်တော့ဝင်မပါချင်ပေ။
"ပါးပါး.."
"အော် လာ ဒရေကို အထဲဝင်ထိုင်.."
ဒရေကိုသည် ပါလာသော အစားအသောက်များကို စားပွဲခုံပေါ်တင်လိုက်သည်။ပြီးနောက် စနိပ်ရှေ့က ခုံတွင်ဝင်ထိုင်လိုက်ကာ..
YOU ARE READING
BFF OR NOT (Drarry ❤)
Fanfictionဟယ်ရီ တစ်ယောက် အချိန်ကိုနောက်ပြန်ဆုတ်ဖို့ ကြိုးစားရာကနေ သူမရင်းနှီးတဲ့နေရာတစ်ခုသို့ ရောက်ရှိသွားသောအခါ ~~ ❤