一个钢镚儿(A lucky coin)
အပိုင်း၇၈
"ချူးယိက သူ့အဖိုးအိမ် ပြန်သွားတယ်?"
ချွေးယိက ဖုန်းလှမ်းဆက်လာသည်။
"အင်း"
ယမ့်ဟန်မှာ အမှိုက်ပုံးက်ို လှမ်းကြည့်လိုက်မိသည်။ဒီနေ့ သူ ဆေးလိပ်မသောက်ပေ။တစ်နေ့လည်လုံး အလုပ်ရှုပ်ပြီးသွားချိန်တွင် အရမ်း ပင်ပန်းသွားသလို ခံစားရ၍ ၊ အပြင်ကို ထွက်လာကာ လေညှင်းလာခံခြင်းဖြစ်သည်။
"သူ့အဖေက ရဲအရာရှိတွေကို ဘယ်လိုပြောခဲ့လဲဆိုတာကို သူ မေးကြည့်ချင်လို့တဲ့"
"သူ့အဖေက ပြောပြမယ်လို့ မင်းထင်လား?"
ချွေးယိက မေးလိုက်သည်။
"ဒီလေါက် သတ္တိနည်းတာ"
"ပြောပြလောက်ပါတယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒီလေါက်အချိန်အကြာကြီး ဒီကိစ္စကို စိတ်ထဲမြိုသိပ်ထားခဲ့ရတာ ၊ ဘယ်သူကမှလည်း မမေးရဲခဲ့ဘူးလေ ၊ ပိုင်ကျဲနဲ့ တွေ့သွားတော့ ပဲကို အခွံချွတ်လိုက်သလို ဖြစ်သွားတာပေါ့ ၊ သားက်ိုပါ ထပ်တွေ့လိုက်ရရင် အရက်မသောက်ပဲနဲ့တောင် အကုန်လုံးကို ဖွင့်ပြောပြလောက်တယ်"
"ဘယ်လိုဖြစ်ခဲ့တာလဲဆိုတာ သိရရင် ၊ မင်းအဖေရဲ့ အခြေအနေကို ဆုံးဖြတ်ကြည့်လို့ရတယ်"
ချွေးယိက ပြောလိုက်သည်။
"အင်း ၊ မြေခွေးအိုကြီးရဲ့ လျှို့၀ှက်ချက်ကို ကျွန်တော် ရှာတွေ့တော့မယ်"
ယမ့်ဟန်က ရယ်လိုက်သည်။
"ဒီနှစ်ရက်အတွင်း မင်းခံစားချက်က ဘယ်လိုနေလဲ?"
ချွေးယိက မေးလာသည်။
"အဆင်ပြေပါတယ်"
ယမ့်ဟန်က ပြောလိုက်သည်။
"ညနေကျရင် ဆရာ၀န်လော်နဲ့ ကျွန်တော်ချိန်းထားတယ် ၊ သူမနဲ့ စကားပြောချင်လို့"