一个钢镚儿(A lucky coin)အပိုင်း၉၅
ဒီလောင်ကျန်းအိမ်က မိန်းကလေးကို ချူးယိ လုံး၀ မသိပေ။သို့သော်လည်း လောင်ကျန်းအိမ်က ကောင်မလေး၏ ပုံစံကို ကြည့်ရသလောက်တော့ ၊ တွေ့တော့ တွေ့ဖူးသည့် ပုံပင်။သူ မုန်လာဥနီခေါင်းပုံစံ ခွေးအ အရွယ်လောက်တုန်းက ဖြစ်မည့်ပုံပင်။
"နင်တို့ယောကျာ်းလေးတွေက အရပ်ရှည်တာ အရမ်းမြန်တာပဲ"
လောင်ကျန်းအိမ်က မိန်းကလေးက ချူးယိ၏ ကျောပိုးအိတ်ကို လွယ်ထားပြီး လမ်းလျှောက်နေရင်း ပြောလာသည်။
"အရင် နှစ်နှစ်လောက်က နင် နင့်အဖိုးအိမ်မှာ နှစ်သစ်လာကူးတဲ့ အချိန်တုန်းက ငါ့လောက်တောင် အရပ်မရှည်သေးဘူး"
"အာ"
ချူးယိမှာ အသံတစ်ချက် ပြန်ပေးလိုက်မိသည်။
သူက ၀ီချက်မှာတောင် မိန်းကလေးတွေနှင့် စကားမပြောဆိုတတ်ရာ ၊ အခုလို မျက်နှာချင်း တွေ့နေရတော့ ဘယ်လိုမှ စကားမပြောတတ်တော့ပေ။သူ ထိုမိန်းကလေးကို မမှတ်မိဘူး ဆိုသော်လည်း ၊ အိမ်နီးနားချင်းဟောင်း ဖြစ်နေရာ ၊ အာ တစ်ခွန်းပြောပြီး လောင်ကျန်းအိမ်က မိန်းကလေးကို လျစ်လျူရှု့လိုက်ဖို့ အားနာနေမိသည်။
သို့ဖြစ်၍ အတော်ကြာအောင် ဦးနှောက်ကို အလုပ်ပေးလိုက်ရာ ၊ နောက်ဆုံးမှာတော့ စကားတစ်ခွန်းက်ို ရှာတွေ့သွားခဲ့သည်။သူ့အတွက်ကတော့ တော်တော်လေး အရေးကြီးသည့်အပြင် ၊ အားနာသမှုနှင့် ပြောသည့် စကားမျိုး လုံး၀မဟုတ်ပေ။
"မင်းနာမည် ဘယ်လ်ိုခေါ်တာလဲ?"
ချူးယိက မေးလိုက်သည်။
လောင်ကျန်းအိမ်က မိန်းကလေးမှာ ချက်ချင်းပင် ချူးယိကို တစ်ချက်လှည့်ကြည့်လိုက်သည်။မျက်နှာပေါ်ရှိ အမူအယာမှာ နည်းနည်း အံ့သြနေပြီး ၊ တော်တော်လေးလည်း အနေရ ခက်သွားသည့် ပုံပင်။ :
"နင် ငါ့နာမည်ကို မမှတ်မိတော့ဘူးလား?"
မမှတ်မိတာ မဟုတ်ဘူး။