အပိုင်း၁၀၉-Extra4[U]

1.7K 251 12
                                    

一个钢镚儿(A lucky coin)

အပိုင်း၁၀၉

အချပ်ပို၄

ချူးယိမှာ နားနေရန် နေရာ၌ ထိုင်နေပြီး ၊ လုပ်သက်ကြာနေပြီဖြစ်သည့် အလုပ်သမားအချို့ ကားအကြောင်း ပြောနေကြသည်က်ို နားထောင်နေမိသည်။နေ့တိုင်း အနားယူသည့် အချိန်ဆိုလျှင် ၊ သူတို့တွေ က အမြဲတမ်း စကား ပြောဆိုတတ်ကြသည်။သို့သော်လည်း လူငယ်ထဲတွင် ဒီနေရာမှာ ထိုင်ပြီး နားထောင်ဖို့ ဆန္ဒရှိသည့်သူမှာ ချူးယိတစ်ယောက်သာ ရှိပုံပင်။

တစ်ခြားလူငယ်တွေက အလုပ်ရုံ အနောက်ဘက်ဆီ သွားကာ ဆေးလိပ်သောက်ရင်း ကြွား၀ါနေကြသည်။

ချူးယိက စကားပြောရတာကို မကြိုက်သည့် အပြင် ၊ ကြွား၀ါဖို့လည်း သိပ် ဆန္ဒမရှိပေ။ဘယ်လိုပဲဖြစ်ဖြစ် သူ့ဘေးတွင် တကယ်တော်သည့်လူ ရှိနေသည်ပင်။ဦးလေးယမ့် ကြွား၀ါပြောဆိုသည့် အချိန်ဆိုလျှင် မနက်ခင်း လင်းထင်းနေရာမှ မိုးကောင်းကင်ကြီး မည်းမှောင်သွားအောင် ပြောဆိုတတ်သည်။

လုပ်သက်ကြာနေပြီဖြစ်သည့် အလုပ်သမားအချို့ ပြောနေကြတာကို နားထောင်ရခြင်အား သူ တော်တော်လေး သဘောကျမိသည်။သူတို့က အချိန်အများစုတွင် ကားအကြောင်း ဒါမှမဟုတ် ကားပြင်သည့် ကိစ္စကို ပြောဆိုတတ်ကြသည်။နားထောင်ရသည်က အတန်းတက်ရသည်ထက် စိတ်၀င်စားစရာ ပိုကောင်းသည်ပင်။

"ချူးယိက ကား၀ယ်ချင်နေတာ မဟုတ်လား"

ဆရာလျုံက မေးလာသည်။

"ဒီအတိုင်း တွေးထားတာပါ"

ချူးယိက ရယ်လိုက်သည်။

"မင်း ကား၀ယ်တဲ့ အချိန်ကျရင် ၊ ငါ့ကို ခေါ်နော်"

ဆရာလျုံက ပြောလာသည်။

"ငါ မင်းအတွက် ကူကြည့်ပေးမယ်"

"အင်း"

ချူးယိက ခေါင်းညိတ်ပြလိုက်သည်။

"သူက နောက်နှစ်နှစ်လောက် နေရင် ၊ ပြောမရဘူး ၊ အရည်အချင်းက မင်းနဲ့ မကွာတော့တာလည်း ဖြစ်နိုင်တယ်"

အကြွေစေ့လေးတစ်စေ့ [Completed]Onde histórias criam vida. Descubra agora