အပိုင်း၉၁[U]

1.1K 219 7
                                    

一个钢镚儿(A lucky coin)

အပိုင်း၉၁


ချူးယိမှာ လောင်ယန်ကို ကြည့်နေမိသည်။လောင်ယန် ရေသောက်နေသည့် ဒီစက္ကန့်လေးအတွင်းတွင် ၊ သူ့ခေါင်းထဲ၌ အတွေးပေါင်း ရှစ်ရာလောက် လှည့်ပတ်တွေးနေကာ ၊ "အကျင့်စာရိတ္တ မကောင်းဘူး" ဆိုသည့် ကိစ္စအား ကိုယ့်ဘာသာကိုယ် အဖြေရှာနေမိသည်။

ငယ်ငယ်ကတည်းကနေ အရွယ်ရောက်လာသည်အထိ ၊ အတန်းဖော်များ၏ အနိုင့်ကျင့်မှုကို ခံခဲ့ရပြီး ၊ ဆရာများ၏ လျစ်လျူရှု့မှုကို ခံစားခဲ့ရသော်လည်း ၊ "အကျင့်စာရိတ္တ"ဆိုသည့် ပြဿနာထဲ တစ်ခါမှ မ၀င်ရောက်ခဲ့ဖူးပေ။

ရန်ဖြစ်တာကတော့ သေချာပေါက် မဟုတ်လောက်ပေ။မော်တော်ကားပြုပြင်ရေး တစ်တန်းလုံးက ယောကျာ်းလေးတွေချည်းပဲပင်။ရန်ဖြစ်ခြင်းက နေ့စဥ်လုပ်ငန်းလိုမျိုးနှင့် သိပ်မကွာခြားလှပေ။အကျင့်စာရိတ္တနှင့် ဘယ်လိုမှ ဆက်စပ်၍ မရချေ။

ဒီလိုဆို ဖြစ်နိုင်သည့် အရာမှာ......သူ အကြောက်ရွံ့ဆုံး ထိုအချက်တစ်ချက်ပင်။

ယမ့်ဟန်က မနေ့ကမှ ပြောခဲ့သေးသည်။လိင်တူသဘောကျတဲ့သူကို အလုပ်သွားခွင့် မပေးဘူးလား?အမှားသာ မလုပ်မိပါက ၊ ဘာပြဿနာ ရှိနိုင်မှာလဲ?

သို့သော်လည်း အခု စဥ်းစားရင်း စဥ်းစားရင်း ၊ ထိုအကြောင်းအရာ တစ်ခုကိုသာ စဥ်းစား၍ ရသည်ပင်။

"မင်းက တော်တော်လေး ရိုးသားတဲ့ ကလေးလို့ ငါ တစ်လျှောက်လုံး ထင်မိခဲ့တာ ၊ လေ့လာချင်စိတ်လည်း ရှိတယ်"

လောင်ယန်က ဖန်ခွက်ကို ချလိုက်ပြီး ၊ မျက်မှောင်ကြုတ်လိုက်သည်။

"မင်း ပုံမှန်အချိန်မှာ ရန်ဖြစ်တတ်တာတွေ ဘာတွေကို ငါလည်း ဘာမှမပြောချင်ပါဘူး ၊ မော်တော်ကား ပြုပြင်ရေး မေဂျာက အမြဲတမ်း ဒိီလိုပုံစံပဲဟာ ၊ လူငယ်တွေက ရန်လိုတတ်ကြတယ် ၊ တကယ်ကြီး ရန်ထဖြစ်ကြလည်း ဘာပြဿနာကြီးမှ မဟုတ်တာ"

ချူးယိမှာ ဘာမှပြန်မပြောမိပဲ ၊ လောင်ယန်ကို ကြည့်နေလိုက်မိသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Onde histórias criam vida. Descubra agora