一个钢镚儿(A lucky coin)
အပိုင်း၁၀၂
ချူးယိမှာ ကုတင်ပေါ်လှဲ၍ မျက်နှာကြပ်ကို ကြည့်နေလိုက်မိသည်။
ဆက်ဆံရေး အရမ်းကို ကောင်းကြသည့် ဒီလို သားအဖအရင်း နှစ်ယောက်က ၊ နှစ်အတော်ကြာ မတွေ့ရသည့်အပြင် ၊ ကြားထဲတွင်လည်း လူသတ်မှုနှစ်ခု ဖြစ်ပွားခဲ့သေးရာ ၊ ပြန်လည် ဆုံတွေ့ကြသည့် အချိန်၌ ၊ ဖြစ်ပျက်ခဲ့သည့် အကြောင်းအရာများကို ရင်ဖွင့် ပြောဆိုပြီး ၊ စိတ်ခံစားချက်များ ပြန်လည် တည်ငြိမ်လာအောင်လုပ်ဖို့ အချိန်ဘယ်လောက် လိုမလဲဆိုတာ သူ မသိပေ။
သူ အရင်ဆုံး အရမ်းကို ပျော်ရွှင်စွာဖြင့် တစ်ရေးလောက် အိပ်ရန် ပြင်ဆင်လိုက်သည်။
သို့သော်လည်း မျက်လုံးကို မှိတ်၍ မှေးပင် မမှေးသေးခင်တွင် ၊ အိပ်ခန်းတံခါးက တွန်းဖွင့်ခံလိုက်ရပြီး ၊ ယမ့်ဟန်က အခန်းထဲ ၀င်လာခဲ့သည်။
"ဘာဖြစ်လို့လဲ?"
ချူးယိမှာ ထထိုင်လိုက်မိသည်။
"မင်း ရှောင်လီရဲ့ ဖုန်းနံပါတ်ကို မှတ်ထားတယ် မဟုတ်လား?"
ယမ့်ဟန်က ဖုန်းကိုကြည့်နေရင်း
"ငါ မှတ်ထားမှန်း မှတ်မိပါတယ် ၊ ရှာမတွေ့တော့ဘူး"
"ငါ့မှာရှိတယ်"
ချူးယိက ဖုန်းကို ထုတ်ယူလိုက်ပြီး
"ဘာလုပ်,လုပ်မလို့လဲ?"
"သူ့ကို အကင်နည်းနည်းလောက် ထပ်ပို့ခိုင်းလိုက်"
ယမ့်ဟန်က ပြောလိုက်သည်။
"ပြီးတော့ ဘီယာရောပဲ ၊ ဒီလောက်နည်းနည်းလေးနဲ့ ငါတို့သုံးယောက် ဘယ်လို စားလို့လောက်မှာလဲ"
"ငါ ဖုန်း,ဖုန်းဆက်လိုက်မယ်လေ"
ချူးယိက ဖုန်းမှတ်စုကို ဖွင့်လိုက်ပြီး
"မင်း ဦးလေးယမ့်ကို အဖော်လုပ်ပြီး စ,စကားသွားပြောနေလိုက်"