一个钢镚儿(A lucky coin)
အပိုင်း၂၀
ချူးယ်ိသည် အနီးအနားတွင် ပြဿနာတတ်သည့် ကိစ္စများကို သွားကြည့်ဖို့ စိတ်မဝင်စားချေ။ကားမတော်တဆဖြစ်မှု ၊ ရန်ဖြစ် ထိုးကြိတ်ကြသည်တို့ကို သူ ဘယ်တော့မှ သွားကြည့်မှာ မဟုတ်ပေ။
လူသတ်တာ?
သူ အဲ့ကိစ္စက်ိုလည်း စိတ်မဝင်စားပေ။လူတစ်ယောက် သေသွားတာပဲ ၊ ဘာစိတ်ဝင်စားစရာ ရှိလို့လဲ ၊ အရင်တုန်းကဆို လူတစ်ယောက်က တံတားပေါ်ကနေ ခုန်ချပြီး ကိုယ့်ကိုကိုယ် သတ်သေခဲ့ဖူးသည်။လူတွေအများကြီး ဝိုင်းအုံကြည့်ကြလေသည်။ ပြောသံကြားတာတော့ ခုန်ချသွားခဲ့သည်ဟူ၍ပင်။
ဒါပေမယ့် မြစ်ရေက အရမ်းတိမ်နေတာကြောင့် ရေနစ်ပြီးမသေခဲ့ဘူး ဆိုသော်လည်း ခုန်ချတဲ့ အရှိန်ကြောင့် ခြေထောက်ကျိုးသွားသည်ဟု ပြောကြသည်။
ထိုကိစ္စကို လူအများစုက ဟာသလုပ်ကာ အချိန်အတော်ကြာအောင် ပြောဆိုခဲ့ကြသေးသည်။သူကတော့ တော်ပါသေးတယ်ဟု တွေးလိုက်မိပြီး သက်ပြင်းချခဲ့မိသေးသည်။အနည်းဆုံးတော့ လူမသေခဲ့ပေ။
သူ လူအစုလိုက် ပြေးထွက်သွားကြသည့်ဘက်ကို လှမ်းကြည့်လိုက်သည်။မြစ်ဆီသွားသည့် ဟ်ို လမ်းကျဥ်းလေးပင်။
အခု သူ့ရဲ့သစ်ခေါင်းပေါက်လေး ရှိသည့်နားကို လူအများကြီး ပြေးသွားနေကြလောက်ပြီ။သူ အတော်လေး စိတ်မချမ်းမသာ ဖြစ်သွားမိသည်။သစ်ခေါင်းပေါက်လေးက သူ့ရဲ့ လျှို့ဝှက်နေရာလေးပင်။သူ တစ်ခြားလူတွေ ထပ်တွေ့သွားမှာမျိုး မဖြစ်စေချင်ပေ။
သူ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် ထိုလမ်းကျဥ်းလေးနား နည်းနည်းလောက် လျှောက်သွားကြည့်လိုက်သည်။မြေကြီးပေါ်မှာ သွေးတွေ ရှိနေသည်ကို မြင်လိုက်ရသည်။
သွေးစီးကြောင်းက အတော်လေး ရှည်လျားပြီး ၊ သွေးတွေက စီးဆင်းလာနေသည်။
သူ ရပ်လိုက်မိသည်။
ထားလိုက်တော့။
ဒီလို မြင်ကွင်းမျိုးကို ၊ မကြည့်တော့ဘူး။
သူ စူပါမားကတ်ရှိသည့်ဘက်က်ို ပြန်လှည့်လာခဲ့လိုက်သည်။စူပါမားကတ်ရှိ ပစ္စည်းတွေကို တွက်ချက်ပေးရသည့် အစ်မကြီးတစ်ချို့က တံခါးဝတွင် ခေါင်းပြူ၍ ထိုလမ်းဘက်က်ို ကြည့်နေကြပြီး သူလျှောက်လာတာကို မြင်လိုက်ကြ၍ မေးလာသည်။ :