一个钢镚儿(A lucky coin)
အပိုင်း၄၇
ချူးယိမှာ သာမန်စကားပြောဆိုတာမျိုး ပြုလုပ်ဖို့က်ိုပင် အလွန်ခက်ခဲနေသည်။ဒီလို အနေရခက်လှသည့် အဖြစ်မျိုးဖြင့် ကျိုးချွမ်းရန်နှင့် စကားဆက်ပြောဖို့ဆိုတာ ပိုလို့ပင် မဖြစ်နိုင်တော့ပေ။ယမ့်ဟန်က ဘီယာဘူးအချို့ကို ယူပြီး ထွက်လာသည့် အချိန်မှာတော့ ၊ ဒီအတိုင်းပင် စကားပြောနေခြင်းကို အဆုံးသတ်လိုက်ဖို့ သူ ဆုံးဖြတ်လိုက်တော့သည်။
ဘာပဲဖြစ်ဖြစ် ပြောလို့ပြီးသွားပြီပဲ။
-ငါ့မှာ သုံးစရာ နေရာမရှိဘူး
သူ စာကို နောက်တစ်ခေါက် ပြန်ဖတ်လိုက်ပြီး ၊ ဖုန်းကို ဘေးနားတွင် ပြန်ချထားလိုက်သည်။
ကျိုးချွမ်းရန်ကလည်း စာထပ်မပို့လာတော့ပေ။သူ သက်ပြင်းချလိုက်ပြီး ၊ ယမ့်ဟန်လှမ်းပေးလာသည့် ဘီယာကို ယူ၍ ဖွင့်လိုက်သည်။
"လန်းသွားတာပဲ"
ယမ့်ဟန်က သူ့(ချူးယိ)ဘေးတွင် လှဲချ၍ ဘီယာတစ်ငုံ သောက်လိုက်သည်။
"မင်း ဒီရက်,ရက်ပိုင်း အလုပ်သွားရ,မှာလား?"
ချူးယိက ယမ့်ဟန်ကိုကြည့်၍ မေးလိုက်သည်။
"အင်း ၊ ညစာ စားပြီးတဲ့ အချိန်ကျမှ ပြန်လာနိုင်လောက်မှာ"
ယမ့်ဟန်က ပြောလိုက်သည်။
"ဒါပေမယ့် ဆောင်းဦးလယ်ပွဲတော်ရက်ကျရင်တော့ ငါ အနားယူဖို့ စီစဥ်ထားတယ် ၊ ၀မ်ကျဲက အဲ့နေ့တွေကျရင် သူမ သွားပေးမယ်လို့တော့ ပြောတယ်"
"ဆောင်းဦးလယ်ပွဲတော်လား"
ချူးယိမှာ ကြောင်အနေမိသည်။
"ဒီနှစ် ဆောင်းဦးလယ်ပွဲတော်က အမျိုးသားနေ့နဲ့ တစ်ဆက်တည်းပဲ"
ယမ့်ဟန်က ဖုန်းက်ိုထုတ်ယူ၍ ပြက္ခဒိန်ကို ဖွင့်လိုက်ကာ
"မင်း ကြည့်ကြည့်လိုက်"
"သြော"