အပိုင်း၉[U]

2.3K 413 27
                                    

一个钢镚儿(A lucky coin)

အပိုင်း၉

ယမ့်ဟန်၏ ထမင်းစားချိန်က ပုံသေမရှိပေ။အထူးသဖြင့် အိမ်တွင် သူတစ်ယောက်တည်း ရှိနေပြီး ၊ အဖေကလည်း ဘယ်ထွက်သွားမှန်းမသိသည့် နေ့မျိုး၌ပင်။စားချင်လာလျှင် နည်းနည်း ထစားလိုက်ပြီး ၊ ဗိုက်ဆာလာလျှင်လည်း နည်းနည်းစားတတ်သည်။

ဒီနေ့တော့ ဆိုဖာပေါ် လှဲ၍ အိပ်နေရသည်က်ို အလွန်သဘောတွေ့နေလေသည်။သို့ဖြစ်ရာ နှစ်ရေးလောက် မှေးပြီး ပြန်နိုးလာသည့် အချိန်၌ စိတ်ထဲတွင် သားချော့တေး တစ်ပုဒ် ညည်းဆို၍ ကိုယ့်ကိုကိုယ် ချော့သိပ်ကာ ဆက်အိပ်နေလိုက်သည်။

နောက်ဆုံးနိုးလာချိန်မှာတော့ ညကိုးနာရီပင် ထိုးနေပေပြီ။သူ ဖုန်းကိုယူကြည့်လိုက်ရာ ချူးယိက ဘာမက်ဆေ့မှ မပို့လာသေးပေ။ညကျပြေးရန် ချိန်းထားသည့်အချိန် မရောက်သေးပုံပင်။

ဆန်းဝှစ်လုပ်၍ စားရန်ပြင်လိုက်ချိန်တွင် တံခါး အပြင်ဘက်ဆီမှ ခြေသံကို သူကြားလိုက်ရတာကြောင့် ချောင်းကြည့်ပေါက်ဆီမှ အပြင်ဘက်သို့ ချောင်းကြည့်လိုက်ရာ လှေကားထစ်အစွန်းတွင် ခေါင်းငုံ့၍ ဖိနပ်အောက်ခြေအား ပွတ်တိုက်နေသည့် ချူးယိကို မြင်လိုက်သည်။

သို့သော် ထိုသူမှာ ချူးယိဟု ယမ့်ဟန်က မမှတ်မိပေ။မမျှော်လင့်ထားစွာဖြင့် ချူးယိသည် နှစ်တစ်ထောင်နီးပါး မပြောင်းမလဲ ဝတ်ဆင်နေသည့် ကျောင်းဝတ်စုံအား ဝတ်ထားခြင်း မဟုတ်ပဲ အားကစားအင်္ကျီအပေါ်ထပ်ကို ဝတ်ဆင်ထားလေသည်။

ယမ့်ဟန်က တံခါးမဖွင့်သေးပဲ ဆန်းဝှစ်စားနေရင်းဖြင့် ချောင်းကြည့်ပေါက်ကနေ ချူးယိအား စိတ်ဝင်စားစွာ ချောင်းကြည့်နေလိုက်သည်။

ချူးယိက ချေးပုံတက်နင်းမိခဲ့သလားတော့ မသိပေ။လှေကားပေါ်တွင် ဖိနပ်အောက်ခြေအား ပွတ်တ်ိုက်နေသည်မှာ တစ်မိနစ်လောက်ပင် ရှိတော့မည်ဖြစ်ပြီး နောက်ဆုံးမှာတော့ နံရံအား မှီ၍ ခြေထောက်မြှောက်လိုက်ပြီး ဖိနပ်ကို ဆွဲချွတ်လိုက်ကာ ဖိနပ်အောက်ခြေအား ကြည့်နေသည်။

ဖိနပ်အောက်ခြေအား ကြည့်၍ ပြီးသွားချိန်တွင် ချူးယိက အတော်ကြာအောင် တွန့်ဆုတ်နေကာ ၊ ကိုယ်ကိုမတ်၍ အင်္ကျီလက်အား ဆွဲဆန့်လိုက်ပြီး ခါးကုန်း၍ ဘောင်းဘီအောက်နားက်ို ထပ်ဆွဲဆန့်လိုက်ပြန်သည်။ထို့နောက်မှာတော့ လက်ကို ဆန့်တန်းလိုက်ကာ တံခါးခေါက်လာသည်။

အကြွေစေ့လေးတစ်စေ့ [Completed]Donde viven las historias. Descúbrelo ahora