一个钢镚儿(A lucky coin)
အပိုင်း၇၁
ယမ့်ဟန်မှာ ဆေးလိပ်ကိုခဲထားရင်း ချူးယိ၏ ခေါင်းအနောက်ကို စိုက်ကြည့်နေလိုက်သည်။
အရင်တုန်းက သူနှင့်အဖေ ချူးယိကို အတူတူ ကယ်ခဲ့ကြသည့် အချိန်၌ ၊ ချူးယိမှာ ဂဏန်းကောင်၏ အရှေ့တွင် ဘာအသံမှမထွက်ပဲ သည်းခံနေတတ်သည့် ကလေးလေးတစ်ယောက်ဖြစ်ခဲ့သည်။ထိုညက သူတို့သူ မရောက်သွားပါက ၊ ချူးယိမှာ ဘယ်လိုပုံစံဖြစ်အောင် အနိုင်ကျင့်ခံနေရမလဲ မသိပေ။
သို့သော်လည်း အခုအချိန်မှာတော့ သူ ဒီနေရာမှာ ရပ်နေဖို့ပဲ လိုတော့သည်။ချူးယိမှာ စက္ကူလိပ်တစ်တစ်လိပ်ကို ကိုင်ထားရင်း ဒီနေရာ၏ လောင်တာ့ကို အံ့သြထိတ်လန့်ပြီး ဒေါသထွက်နေသော်လည်း အသံမထွက်ရဲအောင် လုပ်နိုင်နေပြီဖြစ်သည်။
"ငါလူး ၊ ဘာအဓိပ္ပါယ်လဲ?"
ဂဏန်းကောင်က ချူးယိကို ကြည့်၍ မေးလာသည်။
ထ်ိုစကားက အထင်ကြီးစရာကောင်းသည်ဟု ယမ့်ဟန် တွေးလိုက်မိသည်။အခုအချိန်တွင် မြစ်ရေများက အေးခဲနေသော်လည်း ပစ်ချလိုက်ပြီး ဆောင်းတွင်းကြီး ရေကူးရသည်က ကြီးမားသည့် ပြဿနာ မဟုတ်ပေ။ပစ်ချခံရ၍ ရေပေါ်ကျသည်ကမှ ပြဿနာပင်။
"မင်း ပြောပြလိုက်ရင် ရပြီ"
ချူးယိက ထိုသို့ပြောပြီးသည်နှင့် စက္ကူလိပ်ကို ပြန်သိမ်းလိုက်သည်။
စိတ်ခံစားချက်က တော်တော်လေး မဆိုးလှပေ။ယမ့်ဟန်မှာ အနောက်ကနေ ချူးယိ၏ လှုပ်ရှားမှုတစ်ခုချင်းစီကို အကဲဖြတ်နေမိသည်။
ချူးယိက သူနှင့် ပုံစံမတူပေ။ချူးယိက ဂဏန်းကောင်ကို မျက်နှာသာ ပေးနေကာ ၊ စက္ကူလိပ်ကို ကိုင်ထားရင်း ဂဏန်းကောင်ရှေ့တွင် ပိတ်ရပ်နေသည်။ဂဏန်းကောင်ကတော့ ရန်တစ်ပွဲလောက် မနွှဲပဲ ဖွင့်ပြောမည့်ပုံ မရှိပေ။
သူကတော့ "ငါကတော့ ဂရုမစိုက်ဘူး" ဆိုသည့် အမျိုးအစားပင်။ရန်တစ်ပွဲဆိုလည်း ရန်တစ်ပွဲ နွှဲလိုက်ရုံပင်။