一个钢镚儿(A lucky coin)
အပိုင်း၁၁၀
အချပ်ပို၅
ဖုန်းက အသံမြည်လာသည့် အချိန်တွင် ၊ ချူးယိမှာ နားနေရာ နေရာတွင် ထိုင်နေပြီး ၊ အနွေးဓာတ်ထိန်း ရေဘူးကို ကိုင်၍ လက္ဖက်ရည် ဖြည်းဖြည်းချင်း သောက်နေခြင်း ဖြစ်သည်။မိမိမှာ မသေမျိုးကျင့်ကြံနေသည့် လူအိုကြီး တစ်ယောက်လို ခံစားနေရသည်။
နှမြောစရာကောင်းသည်က ကောင်းကောင်း မခံစားရသေးမီမှာပင် ဖြတ်တောက်ခံလိုက်ရသည်။
သူ ဖုန်းက်ို ထုတ်ယူ၍ တစ်ချက်ကြည့်လိုက်မိသည်။အဖေ ခေါ်လာသည့် ဖုန်းပင်။
အဖေက အခု ပင်လယ်ထွက်ပစ္စည်းကုမ္ပဏ်ီတစ်ခုတွင် ကားမောင်းနေသည်။၀င်ငွေက မဆိုးပေ။နည်းနည်း ပင်ပမ်းရုံသာ။အဖေက သတ္တိနည်းသည့် လူရိုးတစ်ယောက် ဖြစ်ရာ ၊ သူ့ကို အလုပ်ခိုင်းဖို့ ခေါ်လျှင် ဘယ်တော့မှ မငြင်းတတ်ပေ။အရင်ကအတိုင်းပင်။တစ်ခြားသူတွေက မသွားချင်ကြလျှင် သူ့က််ို ခေါ်ခိုင်းတတ်ကြသည်။အမြဲတမ်း အမေနှင့် အဖွား၏ လူအဟု ဆဲဆိုခြင်း ခံခဲ့ရသည်။
သို့သော်လည်း ချူးယိ အထင်တော့ အဆင်ပြေနေသည်ပင်။ဒီအလုပ်ကို ဘယ်လိုပဲ လုပ်နေရပါစေ ၊ အခု အဖေ ဘ၀က်ို ဖြတ်သန်းနေသည်က တော်တော်လေး တည်ငြိမ်နေပြီပင်။
အဖေနှင့် ဒီတစ်လျှောက်လုံး ဆက်သွယ်တာ သိပ်မများရုံသာ။သူ အဖေ့ဆီမှာ come out လုပ်ပြီးသည့် နောက်တွင် အဖေက သူ့ကို မဆက်သွယ်လာသည်မှာ တစ်နှစ်လောက် ရှိသည်။မနှစ်ကမှသာ သူ့ကို ဖုန်းစခေါ်လာခြင်း ဖြစ်သည်။သို့သော်လည်း အကြိမ်ရေက သိပ်မများပေ။
"ဟယ်လို?"
ချူးယိက ဖုန်းကို ဖြေလိုက်သည်။
"အလုပ်လုပ်နေတာလား?"
အဖေက မေးလာသည်။
"အခု အ,အနားယူနေတာ"
ချူးယိက ပြန်ဖြေလိုက်သည်။