一个钢镚儿(A lucky coin)
အပိုင်း၆၅
မျက်လုံးကလည်း ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရတော့သလို ၊ အသက်ရှူရတာကလည်း အရမ်းကို ခက်ခဲလာသည်။
အရမ်း စိတ်လှုပ်ရှားနေလို့လား ၊ ဒါမှမဟုတ် ယမ့်ဟန်က လည်ပင်းကို ဆုပ်ကိုင်ထားလို့လားတော့ မသ်ိပေ။
သို့သော်လည်း မရေမရာဖြစ်နေသည့်ကြားမှ ၊ သူ့ခန္ဓာကိုယ်ပေါ် ထိကပ်နေသည့် ယမ့်ဟန်၏အနွေးဓာတ်ကိုတော့ သူ ခံစားလို့ ရနေသည်။နည်းနည်း ပူနေသည်ပင်။
သူ့ ဦးနှောက်က ပုံမှန်အတိုင်း အလုပ်မလုပ်နိုင်တော့ပေ။ဘုရားရေ ၊ ရူးသွားပြီလား ၊ ယမ့်ဟန်ကို နမ်းလိုက်တယ် ၊ သွားပြီ ၊ သေအောင် အရိုက်ခံရတော့မယ် ဆိုသည့် စိုးရိမ်ထိတ်လန့်မှုများကြားမှ အသိပြန်မ၀င်လာသေးပဲ ၊ ဒီလိုမျိုး ယမ့်ဟန်၏ အသက်ရှူမှုများဖြင့် လုံး၀ ဖုံးလွှမ်းခံလိုက်ရသည့် အခြေအနေထဲ ရုတ်တရက် ထပ်ပြီးကျရောက်သွားခဲ့ရသည်။
ဦးနှောက်ပင်မကပဲ ခန္ဓာကိုယ်ကပါ ၊ ရပ်နားသည့် ခလုတ် အနှိပ်ခံလိုက်ရသလိုမျိုးပင်။လူတစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။
အနည်းငယ် ကျန်ရှိနေသေးသည့် အသိစိတ်မှာလည်း အံ့သြစိတ်ကြောင့် ဘာမှ မလုပ်နိုင်တော့ပေ။
ယမ့််ဟန်၏ နှုတ်ခမ်းက အရမ်းကို နူးညံ့နေကာ ၊ သူ့မျက်နှာပေါ် ကျရောက်လာသည့် ခပ်မြန်မြန် ၀င်လေထွက်လေထဲတွင် နွေးထွေးမှုများ ရောပါနေပြီး ၊ သူ့အင်္ကျီကို အပေါ်ဘက်ဆီ တွန်းတင်လိုက်သည့် အချိန်၌ လက်ဖဝါးက ပူတက်နေကာ ၊ လက်ချောင်းထိပ်ဖျားများက နည်းနည်းလေး အေးနေသည်။
ပြီးတော့ လျှာထိပ်ဖျား။
သူ့နှုတ်ခမ်းကြားထဲကနေ ထိုးဖြတ်သွားသည့် ယမ့််ဟန်၏ လျှာထိပ်ဖျားက ၊ စိုစွတ်ပြီး နူးညံ့နေသည်။
သူ့ထံတွင် ကျန်ရှိနေသေးသည့် အသိစိတ်နည်းနည်းလေးမှာ အခုဖြစ်နေသည့်ကိစ္စက်ို လုံး၀ မဖြေရှင်းနိုင်ပေ။အသက်ရှူနေမှုသည်ပင် အသိစိတ်၏ အနက်ရှိုင်းဆုံးနေရာ၌ ပျောက်ကွယ်သွားခဲ့သည်။