一个钢镚儿(A lucky coin)
အပိုင်း၂၂
ပြေးလာခဲ့သည်မှာ ယမ့်ဟန်အိမ်နားရှိ လမ်းမသို့ ရောက်လာခဲ့ချိန်တွင် ၊ အန်တီလေး၏ ကား မောင်းလာနေသည်ကို ချူးယိ လှမ်းမြင်လိုက်ရသည်။
"ခွေးပေါက်လေး ၊ ကားပေါ်တက်"
အန်တီလေးက ခေါင်းပြူထွက်၍ သူ့ကို ပြောလာသည်။
ချူးယိက ကားတံခါးကို ဆွဲဖွင့်၍ ယာဥ်မောင်းသူဘေးနေရာတွင် ၀င်ထိုင်လိုက်ပြီး ၊ အသက်ရှူသံပင် မညှိနိုင်တော့ပဲ မေးလိုက်မိသည်။ :
"ကျွန်တော့်အဖေ ဘာ,ဖြစ်လို့လဲ?"
"ဒီလိုတဲ့ ၊ မင်းအဖေကို အခုထိ ရှာမတွေ့ကြသေးဘူး"
အန်တီလေးက တစ်သျှူးတစ်ရွက် ဆွဲ၍ သူ့အား ပေးလာပြီး
"ဒါပေမယ့်.......ရဲတွေက စောင့်ကြည့်ကင်မရာ ထဲမှာ သူတို့ကုမ္ပဏီက ကားကို တွေ့ရတယ်တဲ့ ၊ မနေ့က အဲ့ကားကို မင်းအဖေမောင်းတာ"
"ဘာ,ဘာစောင့်ကြည့်ကင်,မရာလဲ?"
ချူးယိက တစ်သျှူးကို လှမ်းယူလိုက်ပြီး ၊ အန်တီလေး ဘာတွေပြောနေသလဲဆိုတာကို နားမလည်နိုင် ဖြစ်နေသည်။
"ဟိုနားက လမ်းကြားထိပ်မှာရှိတဲ့ စောင့်ကြည့်ကင်မရာလေ"
အန်တီလေးက ပြောပြလာခဲ့သည်။
"ပြောသံကြားတာတော့ ဟိုလူက လမ်းကြားဆီကနေ ထွက်ပြေးလာရင်း မြစ်ကမ်းဘေးကို ရောက်လာတာလို့ ပြောတာပဲ ၊ လမ်းကြားထဲက လမ်းမကို လှမ်းရိုက်တဲ့ စောင့်ကြည့်ကင်မရာထဲမှာ မင်းအဖေရဲ့ကား ဖြတ်မောင်းသွားတာကို တွေ့ရလို့တဲ့ ၊ အဲ့လူနဲ့ မင်းအဖေက ရှေ့ဆင့်နောက်ဆင့် ကားပေါ်က ဆင်းလာကြတာဆိုပဲ..........."
"ဘယ်က...........လူလဲ?"
ချူးယိမှာ လုံး၀ကို ရှုပ်ထွေးနေလေသည်။
"သေသွားတဲ့လူက မင်းအဖေရဲ့ လုပ်ဖော်ကိုင်ဖက်တဲ့ ၊ သူကလည်း ကားမောင်းသမားပဲ"
အန်တီလေးက ပြောပြလာသည်။
"မင်းအမေက အဲ့လူကို မမြင်ဖူးဘူး ၊ ဖြစ်ကြောင်းကုန်စင်ကိုတော့ အန်တီလေးလည်း သေသေချာချာ မသိဘူး ၊ ရဲတွေက စစ်ဆေးနေကြတယ် ၊ အသေးစိတ်ကိုတော့ မပြောပြလောက်ဘူး ၊ မင်းလည်း စိတ်ရှုပ်နေဖို့ မလိုဘူး ၊ ကိစ္စက ရှင်းရှင်းလင်းလင်း မဖြစ်သေးဘူး ၊ မင်းအဖေ......."