一个钢镚儿(A lucky coin)
အပိုင်း၅
ယမ့်ဟန်သည် ကော်ဖီဆိုင်တွင် အလုပ်လုပ်ရသည်ကို အလွန်သဘောကျနေသည်။ပတ်ဝန်းကျင်က ကောင်းပြီး ၊ ဧည့်သည် သိပ်မများပေ။အလုပ်သွားရသည့် အချိန်ကလည်း သိပ်မစောပေ။မနက်အိပ်ရာမှ ထပြီးနောက်တွင် ကိုယ့်အတွက် မနက်စာကို အေးအေးဆေးဆေးလုပ်ပြီး ၊ အေးအေးဆေးဆေး စားပြီးမှ ထွက်လာလို့ရသည်။
ဒီနေ့တော့ အဖေက အိမ်မှာရှိနေတာကြောင့် မနက်စာလုပ်ချိန်တွင် နှစ်ယောက်စာ လုပ်လိုက်သည်။
"မနက်စာက ဘာလဲ?"
အဖေအိပ်ရာထတာက သူ့ထက်စောတာကြောင့် လမ်းတစ်ပတ်ထွက်လျောက်ပြီးလို့ ပြန်လာနေပြီပင်။
"ပုစွန်နဲ့ ကြက်ဥထမင်းကြော်"
ယမ့်ဟန်က ပန်းကန်ပြားကို အဖေ့ကို လှမ်းပေးလိုက်သည်။
"အဖေပုစွန် ကြိုက်တယ်"
အဖေက ခက်ရင်းကို ချက်ချင်းကောက်ကိုင်လိုက်ကာ ကြက်ဥအလွှာကို ထိုးခွဲလိုက်ပြီးနောက် သူ့ကိုကြည့်လာကာ"ပုစွန်ကရော?"
"ပုစွန်တောက်တောက်စင်းပါတဲ့ ကြက်ဥထမင်းကြော်ပါ"
ယမ့်ဟန်က မိမိ၏စကားကို အမှန်ပြန်ပြင်ပြောလိုက်သည်။
".......အကုန်လုံးကို သေးလေးတွေ လှီးပစ်လိုက်မှတော့ ဒါက ပုစွန်လို့ ဘယ်လိုလုပ်ပြောနိုင်တော့မှာလဲ?"
အဖေက စိတ်မကျေမနပ်ဖြစ်နေဆဲပင်။
"ပုစွန် အရသာ မရဘူးလား?"
ယမ့်ဟန်က သူ့ပန်းကန်ကိုယူလိုက်ကာ စားရင်း မေးလိုက်သည်။
"မရဘူး"
အဖေက အမြန်ပင် ပြန်ဖြေလာခဲ့သည်။
"အဲ့ဒါ ပုစွန်တောက်တောက်စင်း ကြက်ဥထမင်းကြော်လေ"
ယမ့်ဟန်သည် အဖေနဲ့ချူးယိကို ချိန်းပေးလိုက်ကာ တစ်ပွဲတစ်လမ်းလောက် စကားနိုင်လုခိုင်းသင့်သည်ဟု တွေးလိုက်မိသည်။
"အင်း ၊ လက်ခံပါတယ်"
အဖေက ခေါင်းညိတ်လိုက်ပြီး ပျော်ပျော်ကြီး စားလိုက်ပြီး
![](https://img.wattpad.com/cover/273544582-288-k78175.jpg)