一个钢镚儿(A lucky coin)
အပိုင်း၁၁
အကြောက်တရား။
ယမ့်ဟန် အမြဲတမ်း ရင်မဆိုင်လိုခဲ့သည့် ခံစားချက်ပင်။
အရမ်း ကြောက်မိသည်။
အခန်းထဲတွင် သူတစ်ယောက်တည်း ကျန်နေခဲ့သည့် အချိန်တိုင်း ၊ ရင်းနှီးကျွမ်းဝင်မှု မရှိသေးသည့် စိမ်းသက်လှသည့်မြို့မှ ထွက်ခွါလာခဲ့ရသည့် အချိန်တိုင်း ၊ အရှေ့ကိုကြည့်လိုက်လျှင် ဘာမှ မမြင်ရပဲ အနောက်ဘက်ကို လှည့်ကြည့်ပြန်လျှင်လည်း မည်းမှောင်နေသည့် အချိန်တိုင်း၌ပင်။
သူ၏ စိတ်ခံစားချက် အကုန်လုံးက အဖေ၏ ထွက်ပေါ်လာခြင်းနှင့် ပျောက်ကွယ်သွားခြင်းတို့ကြောင့် ပေါ်လာလိုက် ပျောက်သွားလိုက်နှင့်ပင်။
ယခုအချိန်ခဏလေးအတွင်းမှ လွဲ၍ ၊ အနာဂတ်မှာရော အတိတ်မှာပါ အဖေက တစ်ခွန်းတစ်လေတောင် မပြောခဲ့ဖူးတာကြောင့် သူလည်းပဲ ထိုအရာများ(အကြောက်တရား)က မလိုအပ်ဘူးဟု သူ့ကိုယ်သူ ကြိုးစား၍ ပြောခဲ့ရသည်။
သူတို့နှစ်ဦးမှာ ဤကမ္ဘာမြေကြီးပေါ်တွင် အထိန်းအချုပ် ကင်းမဲ့စွာ လှည့်လည်သွားလာနေကြသည့် သားအဖဖြစ်ပြီး ၊ နေရာအနှံ့ သွားကြကာ ၊ ရဲရင့်စွာဖြင့် လောကီရေးရာ ကိစ္စများအား နည်းနည်းလေးမှ အလွှမ်းမိုးမခံခဲ့ပေ။
[T/N : လောကီရေးရာကိစ္စ=အချစ် ၊ အမုန်း ၊ သံဃောဇဥ် မဖြစ်အောင်နေတာကို ပြောတာပါ။]
လွတ်လပ်မှု။
ချူးယိ မနာလိုနေသည့် အရာပင်။
အမှန်တကယ်တော့ ချူးယိမနာလိုနေသည်က စိတ်ကူးသက်သက်ပင်ဖြစ်သည်။
လာသည့်နေရာမရှ်ိ ၊ ပြန်ရမည့် နေရာလည်းမရှိသည့် ဒီလိုလွတ်လပ်မှုမျိုးအား မနာလိုသည့်လူက တကယ်ရှိနိုင်ပါ့မလား?
ယမ့်ဟန်က မီးဖိုခန်းထဲ နောက်တစ်ခေါက် ပြန်ဝင်လာခဲ့ပြီး ထမင်းနောက်တစ်ပန်းကန် ထပ်လုပ်လိုက်ကာ မဆလာဖြူးလိုက်သည်။အဖေက မဆလာကြိုက်သည်။ချိစ်ဖြူးလိုက်ပြီးနောက်တွင် မီးကင်စက်ထဲ ပေါင်းထည့်လိုက်သည်။
![](https://img.wattpad.com/cover/273544582-288-k78175.jpg)