一个钢镚儿(A lucky coin)
အပိုင်း၁၀၁
ထိုစကားကို ထုတ်ပြောလိုက်သည့် နောက်တွင် ၊ အခန်းတစ်ခုလုံး တိတ်ဆိတ်သွားခဲ့သည်။
အဖေ့၏ ထိတ်လန့်ဒေါသထွက်နေသလို အမူအယာမှာ ၊ စက္ကန့်အနည်းငယ်ကြာသွားသည့် နောက်တွင် ထိတ်လန့်တုန်လှုပ်သလို ပုံစံမျိုး ပြောင်းလဲသွားခဲ့ပြီး ၊ ချူးယိကို အချိန်အကြာကြီး စိုက်ကြည့်နေတာတောင် အသံတစ်သံမှ ထွက်မလာပေ။လေထဲမြှောက်လေသည့် လက်မှာလည်း ထိုပုံစံအတိုင်း တစ်ချိန်လုံး ရှ်ိနေပြီး လှုပ်ရှားမှု ရှိမလာချေ။
ချူးယိလည်း မလှုပ်မိပေ။
သူ ဒီလိုစကားမျိုး ပြောထွက်သွားခဲ့ခြင်းကို သူကိုယ်တိုင်လည်း အတူတူပင် အံ့အားသင့်နေမိသည်။
စိတ်ထဲတွင် ကြိုတင်လေ့ကျင့်ခဲ့ခြင်း မရှိသလို ၊ တွေးလည်း မတွေးမိခဲ့ဖူးပေ။ခေါင်းထဲတွင် ဒီလိုအတွေးမျိုးပင် တစ်ခါမှ မတွေးမိခဲ့ဖူးပေ။သ်ို့သော်လည်း ဒီလိုမျိုး ပြောထွက်သွားခဲ့သည်။
အမှန်တော့ ငယ်ငယ်လေးကတည်းကနေ အခုအချိန်အထိ ၊ အဖေက သူ့ကို တစ်ခါမှ မရိုက်ဖူးခဲ့ပေ။အမေ ၊ အဖွားတို့နှင့် နှိုင်းယှဥ်လိုက်လျှင် နွေးထွေးနူးညံ့ပေးသည်ဟု ပြော၍ ရသည်ပင်။အဖိုးက ထူးဆန်းသည့် လှောင်ပြောင်သရော်မှုမျိုး လုပ်တတ်သော်လည်း ၊ အဖေက သူ ဘယ်နှစ်တန်း ၊ သူ၏ အတန်းအမှတ် ၊ သူ၏ ဆရာများက ဘယ်သူတွေ ၊ သူ အသက် ဘယ်နှစ်နှစ်.....စသည်တို့ကို သေသေချာချာ မမှတ်မိရုံသာ ရှိသည်။
ဒီလို "စိတ်ထဲအလေးမထား"ခြင်းက ကလေးတစ်ယောက်အတွက်တော့ ၊ စကားနှင့် ခန္ဓာကိုယ်ကို အသုံးပြုကာ တိုက်ခိုက်သလိုမျိုး ဒဏ်ရာရစေသည့် အင်အားက အတူတူပင် ဖြစ်လောက်သည်။ထိုအချိန်က ခံစားရတာ သိပ်ပြီး မပြင်းထန်ရုံသာ ရှိသည်။
နောက်တစ်ကြိမ် ထပ်ပြီး အနေရ ခက်သွားကြပြန်သည်။
အခု ဒီကိစ္စကို ဘယ်လို အဆုံးသတ်ရမည်မှန်း ချူးယိ မသိတော့ပေ။ဆက်ပဲ ပြောပြလိုက်ရမလား ၊ ဒါမှမဟုတ် တိတ်ဆိတ်နေလိုက်ရမလား ၊ ဒါမှမဟုတ် ထွက်သွားလိုက်ရမလား မသိတော့ချေ။