အပိုင်း၃၁[U]

2K 434 61
                                    

一个钢镚儿(A lucky coin)

အပိုင်း၃၁

ချူးယိသည် မှန်ခြားနေသည့် အိမ်မွေးတိရစ္ဆာန်ဆိုင်ထဲမှ ခွေးလေးအား ငါးမိနစ်လောက် စနောက်နေလိုက်ပြီးနောက်မှ ၊ အရှေ့ကို ဆက်လျှောက်လာခဲ့လိုက်သည်။

ဤလမ်းထဲတွင် ဆိုင်များစွာ ရှိနေပြီး ၊ ဆိုင်ကြီးဆိုင်ငယ် မျိုးစုံလှသည်။ဆိုင်ပုံစံ အမျိုးမျ်ိုးဖြင့် အတော်လေး စည်ကားနေသည်။

လျှောက်လာရင်း လျှောက်လာနေရင်းဖြင့် ၊ ချူးယိမှာ အကျင့်ပါနေသည့်အတိုင်း လမ်းဘေးကို တိုးကပ်သွားမိသည်။ယမ့်ဟန် မရှိတာကြောင့် ၊ သူ့ကို တံတိုင်းဘေးကနေ ဆွဲခေါ်မည့်လူ မရှိတော့ပေ။သူ သူ့ဘာသာ ဂရုစိုက်ရုံသာ တတ်နိုင်တော့သည်။

အမှန်တော့ သူ ဒိီလိုမျိုး လမ်းဘေးကပ်ပြီး မလျှောက်သည်မှာ အတော်ကြာနေပေပြီ။အခုက ပတ်၀န်းကျင် အသစ်ကို ရောက်လာတာကြောင့် ဖြစ်နိုင်သည်။မြေပုံပေါ်တွင် အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ကြည့်ခဲ့ဖူးသည် ဆိုသော်လည်း ၊ လူကိုယ်တိုင် ရောက်လာသည့် အချိန်၌ ၊ ဤသည်မှာ သူ တစ်ခါမှ မရောက်ဖူးသည့် နေရာဖြစ်ကြောင်း သိနေပြီး ၊ အရပ်လေးမျက်နှာစလုံးမှာ သူ အရင်က နေထိုင်ခဲ့သည့် ပတ်၀န်းကျင်နှင့် လုံး၀မတူညီပေ။

ဤနေရာမှာ သူ့ အိမ်ရှိသည့်မြို့ထက် အများကြီး ပိုစည်ကားသည်ပင်။လမ်းဘေးနှစ်ဖက်ရှိ စျေးဆိုင်များ၏ ဆိုင်းဘုတ်များမှာ အကုန်လုံးလိုလို အနောက်တိုင်းအငွေ့အသက်များ ဖြစ်ပြီး ၊ သွားသွားလာလာ လုပ်နေကြသည့် လူများမှာလည်း ခေတ်မှီကြသည်။ဒါပေါ့။သူ ဒီအသက်အရွယ်အထိ လှည့်ပတ်ကျင်လည်ခဲ့ရသည်မှာ အိမ်နှင့် ကျောင်းပဲ ရှိသည်။တစ်ခြားနေရာတွေက အနောက်တိုင်းအငွေ့အသက်လား ၊ ကျေးလက် အငွေ့အသက်လား သူ သေသေချာချာ မသိပေ။

ပြိးတော့ မိမိကလည်း အတော်လေး တုံးအ သေးသည်။

အထူးသဖြင့် ယမ့်ဟန်နှင့် ယှဥ်လိုက်လျှင် ပို၍ သိသာသည်။

ချူးယိမှာ ခေါင်းထဲတွင် အကြောင်းအရာမျိုးစုံကို လှည့်ပတ်တွေးနေမိသည်။တစ်ချို့အကြောင်းအရာများမှာ မိမိသဘောဆန္ဒမပါပဲ အလိုလို တွေးမိသွားခြင်း ဖြစ်ပြီး ၊ တစ်ချို့အကြောင်းအရာများကတော့ တမင်တကာ တွေးနေခြင်းဖြစ်သည်။တစ်ခုခုကို တွေးနေဖို့ လိုနေတာကြောင့် ၊ သူ့ သူ့ခေါင်းကို အနားမပေးရဲပေ။

အကြွေစေ့လေးတစ်စေ့ [Completed]Onde histórias criam vida. Descubra agora