一个钢镚儿(A lucky coin)
အပိုင်း၉၀
ဆံဖျားကနေ ခြေဖျားအထိ တစ်ကိုယ်လုံး ပေါ့ပါးနေသည်။
အရင်က အရပ်လေးမျက်နှာရှိ အကြည့်များကို အရမ်းကြောက်တတ်သည့် သူ့လိုလူက ၊ အခုတော့ ယမ့်ဟန်နှင့် တစ်ယောက်ကိုတစ်ယောက် ဖက်ထားနိုင်နေပြီး ၊ ယမ့်ဟန်၏ ပခုံးပေါ် မေးစေ့တင်၍ မျက်လုံးကို မှိတ်ထားလိုက်မိသည်။
အမှန်တကယ်ကိုပင်......."အချစ်"ဆိုသည့် ဒီစာလုံး၏ အင်အားက နည်းနည်း ကြီးမားလွန်းနေသည်မှာ လူကိုပင် လန့်သွားစေသည်။
အချစ်က ဘာလဲ။
မသိဘူး။
ချူးယိ တစ်ခါမှ မစဥ်းစားမိဖူးခဲ့ပေ။အချစ်ဆိုသည့် ထိုစကားအပေါ် တစ်လျှောက်လုံး သိခဲ့သည့် သူ၏ အမြင်မှာ "ငါ ငါ့နိုင်ငံကို ချစ်တယ်"ဟုပင်။
အဖေနှင့်အမေကို ချစ်သည်ဟု ဆရာက ပြောလာသည့် အချိန်တုန်းက ၊ သူ တော်တော်လေး ဝေဝါးခဲ့မိသည်။သေချာပေါက်ကို ချစ်ရမည်ပင်။သူကတော့ အဖိုးအဖွား ၊ ပြီးတော့ အန်တီလေးကိုသာ ချစ်လို့ရသည်။
သူ့အတွက်ကတော့ အချစ်ဆိုတာ အရမ်းကို ဝေးကွာလွန်းလှပြိီး ၊ အတော်လေးလည်း ရှုပ်ထွေးလှသည်။ထို့အပြင် အရမ်းကို ရခဲလှပြီး ၊ တစ်ခုလေးတောင်မှ မစစ်မှန်ခဲ့ပေ။
ယမ့်ဟန် ဘာက်ို ပြောတော့မလဲ ဆိုသည်ကို ခံစားလိုက်မိသည့် အချိန်ကျမှသာ ၊အော့အန်ချင်စရာကောင်းသည့် အပြင် ၊ သူ့အတွက် အတော်လေး ဗလာသက်သက်ဖြစ်နေသည့် ထိုစကားလုံးကို ထုတ်ပြောလိုက်မိသည်။
ဘာလို့ အရင် လုပြောလိုက်ရသလဲ ဆိုတာကတော့ ၊ သိပ်ပြီး သေချာရေရာမှု မရှိပေ။
အရင်တစ်ခေါက်က "ငါ မင်းကို သဘောကျတယ်"ဟု ယမ့်ဟန်က်ို ပြောလိုက်သည့် အချိန်တွင် ၊ မမျှော်လင့်ထားပဲ ယမ့်ဟန်မှာ အလစ်ချောင်းတိုက်ခိုက်ခံလိုက်ရသည့်အတွက် ၀မ်းနည်းပြီး စ်ိတ်ဖိစီးခဲ့ရမှုက်ို ပြန်ကုသဖို့ ဖြစ်နိုင်သည်ပင်။
![](https://img.wattpad.com/cover/273544582-288-k78175.jpg)