Part 2

327 40 26
                                    

Unicode

ဆောင်းတွင်းနေက ပူလှသဖြင့် ဝှိုက်ကုတ်ကိုချွတ်ကာ လက်ပေါ်ခေါက်တင်ရင်း ခန့်မှူးပိုင် ကန်တင်းဘက်ထွက်လာခဲ့သည်။ အချိန်ကနှစ်နာရီကိုမှ အနည်းငယ်သာ စွန်းသေး၏။ ပရယ်တီကယ်အခန်းများသို့ ဝှိုက်ကုတ်ကလေးများဝတ်ကာ သွားနေကြသောသူများကို သူလှည့်ကြည့်လိုက်သည်။ ယနေ့ကသူတို့Sectionနားရက်မို့ ပရယ္တီကယ္တက္စရာမလို။ နှစ်ဆယ့်ငါးယောက်တစ်စုဖြင့် Groupလေးခု(Sectionရွစ္ခု) ခွဲထားသည့်အနက် ဆက်ရှင်တစ်အုပ်စုစီက နှစ်ပတ်တစ်ခါ နားရက်နှစ်ရက်စီရကြ၏။ ကြားတစ်ပတ်ကတော့ နားရက်တစ်ရက်ပင်။ ယနေ့ကသူတို့နားရက်ဖြစ်သည်။ ကန်တင်းဆိုင်လေးတစ်ခုထံ ဝင်ဖို့ဟန်အပြင် နောက်ကျောဘက်မှလာသော အသံကြောင့်ခြေလှမ်းများ တုန့်ဆိုင်းကာ လှည့်ကြည့်လိုက်မိသည်။

"ခန့်မှူးပိုင်...အမေလး...မင်းနောက်လိုက်ရတာမောလိုက်တာ၊ လမ်းလျှောက်တာတော်တော်မြန်တာပဲ"

ခန့်သော်ဇင်သည် သူ့ပခုံးကိုကိုင်လျက် အမောဖြေနေလေသည်။ ခန့်သော်ဇင်ဆိုသည်မှာ သူ့ဘေးတွင်ထိုင်သော မန္တလေးသားသူငယ်ချင်းဆိုသူ ဖြစ်သည်။ ဆက်ရှင်ခွဲသည်က ရှေ့နာမည်နှင့်စီသည်မို့ ခန့်သော်ဇင်နှင့်သူဟာ တစ်အုပ်စုတည်း။ ထို့ကြောင့် သူလည်း ပရယ်တီကယ်အနားရနေခြင်းဖြစ်သည်။ အလှမ်းသုံးဆယ်စာလောက်ပင်မရှိသည့် ပထမနှစ်အဆောင်မှ ကန်တင်းသို့လိုက်လာရရုံနှင့် ဟောဟဲစိုက်နေသော ခန့်သော်ဇင်ကိုကြည့်ပြီး သူပြုံးလိုက်မိသည်။ ထို့ကြောင့် နာမည်ပြောင်က နန်းမတော်ကိုနုဖြစ်နေခြင်းဖြစ်မည်။

"မင်းကို အိမ်ကလာမကြိုသေးဘူးလား"

ခန့်သော်ဇင်သည် ခန့်မှူးပိုင်ပခုံးပေါ်မှသူ့လက်ကိုဖယ်ရှားလိုက်ပြီး ခါးထောက်ကာသက်ပြင်းချသည်။

"ပရယ်တီကယ်ပြီးတဲ့အချိန် လေးနာရီမှလာကြိုဖို့ပြောထားတာ၊ အခုဖက်ထုပ်သွားစားမလို့ မင်းလိုက်မလားခေါ်ကြည့်တာ"

"ဖက်ထုပ်..."

မေးခွန်းဆန်သောသူ့အပြောကို ခန့်သော်ဇင်က မျက်မှောင်ကြုတ်ကာ တုန့်ပြန်သည်။

ခိုWhere stories live. Discover now