Part 3

299 39 13
                                    

Unicode

ထိုညက သာမန်ညများထက်အေး၏။ အနွေးထည်ထူထူဝတ်ပြီး စောင်ကိုခြေဖျားထိလုံအောင်ခြုံကာ သူကွေးနေမိသည်။ အေးလွန်းတော့ နှာရည်များပင် ယိုချင်သည်။ သည်ညတော့ သူစောစောအိပ်ဖို့ ဆုံးဖြတ်ထားသည်။ ယခုအချိန် မိန်းကလေးဆောင်ရှေ့၌ ဂစ်တာတီးနိုင်သောအဖွဲ့ကိုတော့ ချီးကျူးပါသည်။ အအေးဒဏ်ကို မည်သို့သောခွန်အားမျိုးဖြင့် အန်တုထားပါသနည်း။

ကိုးနာရီခွဲကိုညွှန်ပြနေသော နာရီလက်တံကို တစ်ချက်ကြည့်ပြီးနောက် မျက်လုံးများက မှေးစင်းလာသည်။ သို့သော် အခန်းတံခါးကို အသံကျယ်ကျယ်တွန်းဖွင့်ပြီး ဝင်လာသော ကိုချစ်မင်းဇော်ကြောင့် ချက်ချင်းမျက်လုံးပြူးသွားရပြန်၏။

"ငါ့ညီ အစောကြီးအိပ်နေပြီလား"

"ဟုတ်တယ် အစ်ကို၊ အေးတော့စောစောငိုက်နေပြီ"

ကိုချစ်မင်းဇော်သည် သူ့ခုတင်တွင်သူ ခပ်တောင့်တောင့်ထိုင်ပြီး သူ့အား တစ်ခုခုပြောရန်ကြံရွယ်နေပုံကြောင့် ခန့်မှူးပိုင်ဆက်လှဲမနေတော့ဘဲ ထထိုင်လိုက်မိသည်။

"ငါ့ညီကို မေးစရာရှိလို့ပါ"

စီနီယာတွေ မေးကိုမေးနိုင်လွန်းသည်ဟု တွေးမိတော့ ရယ်ချင်သည်။ အငယ်တွေအပေါ် ဂရုစိုက်သလို အတော်လည်း စိတ်ဝင်စားကြသား။

"မေးလေ အစ်ကိုရဲ့"

ကိုချစ်မင်းဇော်သည် မျက်မှောင်တစ်ချက်ကြုတ်ပြီးမှ မေးခွန်းကိုမေးလေသည်။

"ငါ့ညီ ဟိုတစ်နေ့က ဗရုတ်သုတ်ခတစ်ကောင်နဲ့ စကားနေပြောတာကို အစ်ကို့သူငယ်ချင်းက တွေ့လိုက်လို့တဲ့၊ အဲ့တာဟုတ်လား"

ကိုချစ်မင်းဇော်ပြောသော ဗရုတ်သုတ်ခကောင်ဆိုသူကို ခန့်မှူးပိုင် အတော်စဉ်းစားယူပေမဲ့ မျက်လုံးထဲ မည်သူမှပေါ်မလာချေ။

"အာ...ဆောရီးကွာ၊ ညီဇေမင်းကိုပြောတာ၊ အစ်ကိုတို့နှစ်ကပဲကွာ၊ ငါ့ညီနဲ့ကန်တင်းမှာ စကားပြောနေတာတဲ့"

ခန့်မှူးပိုင် မှတ်မိလိုက်ပြီဖြစ်သည်။ သူနှင့်ခန့်သော်ဇင် ကန်တင်းတွင်အတူထိုင်စဉ်က ကိုချစ်မင်းဇော်အကြောင်း လာပြောသွားသော စီနီယာကိုဆိုလိုခြင်းပင်။

ခိုWhere stories live. Discover now