Part 4

264 35 12
                                    

Unicode

နှစ်နာရီအတန်းများကြောင့် တစ်နေကုန် ပင်ပန်းသမျှ၏ ဖြေဖျောက်စရာသည် ဖက်ထုပ်ပူပူလေးတစ်ပွဲဖြစ်လာခဲ့သည်။ ခန့်သော်ဇင်ကျင့်ပေးခဲ့သော အကျင့်ဆိုလည်း မမှားနိုင်။ ယခုတော့ ခန့်သော်ဇင်ပင်မပါဘဲ သူတစ်ယောက်တည်းပင် ထိုင်တတ်လာသည်။ မေမေတို့ သူ့အားလာတွေ့သည့်အခါ ဤဆိုင်တွင် ထိုင်ဖို့ပြောရမည်။ သူသဘောကျလွန်းသော ဤဆိုင်မှ ဖက်ထုပ်အရသာကို မြည်းစမ်းစေလိုသည်။

"ကိုကြီး...ပန်းလေးဝယ်ပါဦး..."

သူ့နံဘေးမှကြားရသော အသံငယ်ငယ်လေးကြောင့် တစ်ချက်ကြည့်မိတော့ ဝါးရိုးသွယ်သွယ်တွင် စံပယ်ဖြူများ သီထိုးထားသည့် ဘုရားပန်းအစည်းလေးကိုစုကိုင်ထားသော ကောင်လေးတစ်ယောက်။ စွပ်ကျယ်အဖြူညစ်ညစ်ကိုဝတ်ထားပြီး ချုပ်ရာအပြည့်ပါသော ဘေးလွယ်အိတ်အနီညစ်ညစ်ကလေးနှင့် ထိုကလေးကိုမြင်တော့ ခို့အား သူတစ်ဖန်သတိရသွားမိသည်။

"ပန်းဝယ်ပါဦး ကိုကြီး"

ကောင်လေးက ယိုစီးနေသောနှာရည်ကို ခပ်နာနာတစ်ချက်ရှုံ့ရင်း ပန်းဝယ်ဖို့ ပြောပြန်သည်။

"ဟဲ့...ဟိုမှာ ဧည့်သည်ကို လာရှုပ်နေတယ်လေ၊ သွားမပြောဘဲ ဘာလုပ်နေတာလဲ"

ဆိုင်ရှင်အဒေါ်ကြီးမှ စာပွဲထိုးကောင်လေးကို လှမ်းပြောလိုက်သည့်စကားကြောင့် သူ့စိတ်တုန်လှုပ်မိသည်။

"ကဲကဲ...အစ်ကိုဝယ်မယ်နော်၊ ဘယ်လောက်လဲ"

"တစ်ချောင်းတစ်ရာ၊ ဘယ်နှချောင်းယူမှာလဲဟင်"

"အကုန်ယူမယ်နော် ကလေးလေး"

ကောင်လေးသည် သူ၏သွားကျိုးလေးများကိုပင် ဖွင့်လှစ်ပြီးပြုံးသွားကာ အချောင်းအရေအတွက်ကိုတွက်ပြီး သူ့လက်ထဲထည့်ပေးလေသည်။

"၃၆ချောင်းပါကိုကြီး ၃၅၀၀ပဲပေးပါနော်"

ခန့်မှူးပိုင် ကျောပိုးအိတ်ထဲမှ ပိုက်ဆံအိတ်ကလေးကိုနှိုက်ယူလိုက်ပြီး တစ်ထောင်တန်လေးရွက်အား ကောင်လေးထံပေးလိုက်သည်။

"ပြန်မအမ်းနဲ့တော့၊ ပိုတာမုန့်ဝယ်စားနော်"

"ကျေးဇူးပါ ကိုကြီး...အဟီးဟီး..."

ခိုWhere stories live. Discover now