Part 13

189 31 16
                                    

Unicode

မြရိပ်မြုံသို့ရောက်သောအခါ အကုန်လုံးနီးပါးဂေဟာဧည့်ဆောင်ထဲတွင် ဝိုင်းထိုင်နေသည်ကို ခန့်မှူးပိုင်မြင်တွေ့လိုက်ရသည်။

"မန်းရိပ်ရေ၊ အနောက်ဆောင်ကတော့ ရိုးရာမပျက်ဘဲဟေ့"

ခိုနှင့်အတူတွဲမြင်ဖူးသောသူငယ်ချင်းကောင်လေးသည် သူတို့ဝင်လာလာချင်းပင် ရယ်သံလေးစွတ်ရင်းလှမ်းပြောလေသည်။

"ခုတင်တွေ မိုးလွတ်တဲ့နေရာအကုန်ရွှေ့ထားပြီးပြီ၊ မင်းပြန်လာတာနောက်ကျတာ ကံကောင်းတယ်၊ ငါတို့တော့ ဝရုန်းသုန်းကားပဲ"

ခိုသည် သူ့သူငယ်ချင်းဘေးတွင် ငုတ်တုတ်ထိုင်ချလိုက်သည်။ ခန့်မှူးပိုင်လည်းထိုင်ဖို့ဟန်ပြုစဉ် ဂေဟာမှူးဦးလေးမှလှမ်းနှုတ်ဆက်သဖြင့် ဂေဟာမှူးထံသို့သာ ဦးတည်သွားလိုက်တော့သည်။

"ဦးလေး၊ နေကောင်းတယ်နော်"

"အေး ကောင်းတယ် ကောင်းလေး၊ ကောင်လေးရော စာမေးပွဲတွေပြီးသွားပြီလား"

"ဟုတ်ကဲ့ ဦးလေး"

"အေးကွယ်၊ ခဏနေဦး၊ ဦးလေး ငါ့တူဖို့ရေသွားယူပေးမယ်"

"မယူနဲ့ ဦးလေး၊ ကျွန်တော်ရေဆာတဲ့အခါမှ ကျွန်တော့်ဘာသာသွားသောက်လိုက်မယ်၊ ကျွန်တော့်ကိုဧည့်သည်လို့ သဘောမထားပါနဲ့ဗျ"

ထိုအခါ ဦးလေးကြီးကသက်ပြင်းချ၏။

"ကောင်လေးက တကယ်သဘောဖြူတာပဲ၊ အခုလိုက်လာတာ ကိစ္စရှိလို့လား ကောင်လေး၊ ဦးလေးမေးတာတစ်မျိုးမထင်နဲ့"

"မထင်ပါဘူး ဦးလေးရဲ့၊ ကျွန်တော် အိမ်မပြန်ခင် အလည်လိုက်လာတာပါ"

ဦးလေးကြီးက ခေါင်းလေးညိတ်ရင်း ရေနွေးကြမ်းတစ်ခွက်ကို မော့သောက်လေသည်။ ထို့နောက်အသံခပ်တိုးတိုးဖြင့်...
"ဦးလေး ငါ့တူကိုအကူအညီတောင်းစရာလေးရှိသေးတယ်"ဟုဆိုသည်။

"ဘာများလဲ ဦးလေး"

သူပြန်မေးသောအခါ ဦးလေးကြီးသည် ခိုရှိသောနေရာသို့ တစ်ချက်လှမ်းကြည့်လေသည်။ ပြီးမှ သူ့ကိုပြန်ကြည့်သည်။

"မန်းရိပ်လေးကို နားချပေးဖို့ပါ"

ဦးလေးကြီးစကားကို ခန့်မှူးပိုင်စိတ်ဝင်တစားနားထောင်မိလိုက်သည်။ ဦးလေးကြီးသည် ခန့်မှူးပိုင်အား သူ့အနားတွင်လာကပ်ထိုင်စေသည်။ ခို့အားမကြားစေချင်၍ဖြစ်မည်။

ခိုWhere stories live. Discover now