Part 12

203 33 5
                                    

Unicode

စာကျက်သံများငြိမ်သက်သွားသောကာလသို့ ပြန်လည်ရောက်ရှိလာလေသည်။ ခန့်မှူးပိုင်လည်း ယခုမှပင် ဖခင်လက်ဆောင်ပေးပို့ထားသော မောင်ထွန်းသူဘာသာပြန်သည့် (The Citadel) ရဲတိုက်ဟူသောစာအုပ်အား တစ်ဖန်ပြန်ကိုင်ဖြစ်တော့သည်။ ဖခင်အညွှန်းလွန်နေသော ဤစာအုပ်သည် မည်သို့မည်ပုံဖြစ်ကြောင်း သူဆက်လက်သိရှိလိုသေးသည်။

တိတ်ဆိတ်ငြိမ်သက်သော သူ့အခန်းလေးတွင် အပ်ကျသံပင်မကြားရချေ။ သူ့စိတ်သည်လည်း စာအုပ်ကြောင့်ငြိမ်သက်နေသည်။ စာမေးပွဲပြီးပြီးချင်း ကိုချစ်မင်းဇော်ပြန်သွား၍သာ ဤမျှငြိမ်သက်နေခြင်းလည်းဖြစ်မည်။ မဟုတ်လျှင် သီချင်းဆိုသံကတော့ အနည်းဆုံးကြားရမည်ပင်။

"ဒေါက် ဒေါက် ဒေါက်"

အသာလှစ်ဟထားပြီးတော့တံခါးကို လက်ဖြင့်အသံမထွက်အောင်ခေါက်ပြီး နှုတ်မှအသံထွက်ကာ သူ့အခန်းရှေ့ရောက်လာသူသည် ကောင်းမင်းမြတ်ဖြစ်လေသည်။

"သြ... အီးစီ၊ လာလေ"

သူစာအုပ်လေးအား ခုတင်းဘေးချလျက် ကောင်းမင်းမြတ်အား ဖိတ်ခေါ်လိုက်သည်။ ကောင်းမင်းမြတ်သည် မွေ့ရာပင်မရှိတော့သော ကိုချစ်မင်းဇော်၏ခုတင်တွင် ညင်သာစွာထိုင်ရင်း သူလက်မှချလိုက်သောစာအုပ်ကိုလှမ်းကြည့်သည်။ ပြီးမှ ခန့်မှူးပိုင်အားကြည့်ရင်းပြုံးပြလာသည်။

"ခန့်မှူးပိုင်က ပုဂံမလိုက်ဘူးဆို၊ ဟုတ်လား၊ စောစောကမှ ငပြည့်ဆီက စာရင်းတောင်းကြည့်လို့သိတာ"

"ဟုတ်တယ်၊ ငါတွေ့ရမယ့်သူရှိနေတာနဲ့..."

"ဘယ်သူများလဲ"

မေးလျက်သား ကောင်းမင်းမြတ်၏မျက်ခုံးတစ်ဖက်သည် ကွေးညွတ်တက်နေကြောင်း သူသတိပြုမိလိုက်သည်။

"ငါ့အဖေပါ၊ မနက်ဖြန် လာတွေ့မယ်ဆိုလို့လေ"

"မင်းနှယ့်ကွာ၊ အဖေကအိမ်မှာမတွေ့ရတဲ့သူမို့လို့လားကွ...ဟားဟား"

ကောင်းမင်းမြတ်သည် သူ့မိသားစုအကြောင်းမသိသူမို့ ယခုကဲ့သို့ တွေးပြီးရယ်သည်ကို သူအပြစ်မတင်မိချေ။ သူခပ်ပြုံးပြုံးသာလုပ်ရင်း ဖြေရှင်းချက်ကိုထုတ်ပေးလိုက်သည်။

ခိုWhere stories live. Discover now