Unicode
အရုဏ်ဦးချိန်ဖြစ်သည်။ လိုက်ကာကိုဖြတ်၍ အခန်းတွင်း ညင်ညင်သာသာတိုးဝင်လာသော အလင်းသဲ့သဲ့လေးအား သူမျက်နှာချင်းဆိုင်ဆုံတွေ့ရင်း လေပူတစ်ချက်ကိုပါ စပ်ဖျင်းဖျင်းခံစားလိုက်ရသည်။ တစ်ညလုံးမီးပျက်နေ၍ ထွက်ခဲ့သောချွေးများသည် ယခုတော့ သူ့ကိုယ်အတွင်းပြန်လည်ငုပ်လျှိုးသွားပြီမို့ လေပူနှင့်တွေ့ခိုက်တွင် စပ်ဖျင်းဖျင်းခံစားရခြင်းဖြစ်၏။
ခိုတစ်ယောက်တော့ နှစ်ခြိုက်စွာအိပ်မောကျနေလေသည်။ ချွေးစေးလေးများလည်း ထွက်နေသည်။ ထိုစဉ် ဖြူစွတ်သောအလင်ရောင်လေးသည် မီးသီးလုံးအတွင်းသို့ လျှပ်စစ်အားဖြင့်ဝင်ရောက်လာတော့သည်။
"မီးတောင်ပြန်လာပြီပဲ၊ တော်ပါသေးတယ်"
သူတစ်ကိုယ်တည်းရေရွတ်ရင်း ပန်ကာလေးအားပလပ်တပ်ကာ ဖွင့်ထားပေးလိုက်သည်။ ထို့နောက် ဦးမောင်၏အခန်းထဲမှသူထွက်လာပြီးနောက် ရေမချိုးခင် ငုပ်နေသောချွေးများပြန်ထွက်စေရန် လေ့ကျင့်ခန်းတချို့လုပ်သည်။ ထို့နောက်မှ ချွေးစင်အောင်သုတ်ကာရေချိုးလိုက်တော့၏။ ရေချိုးပြီးကာမှ သူရေလဲပုဆိုးမေ့ခဲ့ကြောင်း သတိရကာ အကြပ်ရိုက်ရသည်။ ရေစိုကြီးဖြင့် ဝင်ပြန်လျှင်လည်း အခြားသူများအနှောက်အယှက်ဖြစ်ကုန်မည်ကိုစိုးသည်။
သို့သော် ယခုတလော သူကံတက်နေပုံပေါ်သည်။ အုတ်ကန်သို့ ရေချိုးရန်အတွက် ကိုယ်တစ်ပိုင်းပြတ်ဖြင့် ပုဆိုးလေးနောက်တစ်ထည်ကိုင်ကာရောက်လာသော ပိုင်ပိုင့်ကြောင့် စိတ်သက်သာရာရသွားလေသည်။
"ပိုင်ပိုင်....အစ်ကို့ကို ပုဆိုးတစ်ချက်လောက်ငှားပါလား"
"အစ်ကို့ဖို့ပဲယူလာတာ၊ ရေသံကြားလို့ အနောက်ဆောင်ထဲကလှမ်းကြည့်နေတာ အစ်ကိုဖြစ်နေလို့လေ၊ မန်းရိပ်ကလည်း မနိုးသေးတော့ အစ်ကိုပုဆိုးမရှိမှာစိုးလို့"
"ကျေးဇူးပဲကွာ၊ အစ်ကိုလည်း ပုဆိုးအရင်ရှာဖို့ မေ့သွားတာ"
"ရတယ် အစ်ကို၊ လဲလဲ... မဟုတ်လို့ အစ်ကိုအအေးပတ်ရင် မန်းရိပ် ကျွန်တော့်ကိုစိတ်ဆိုးလိမ့်မယ်"
YOU ARE READING
ခို
Teen FictionUnicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပျံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ်ဆီ...