Part 36

163 22 9
                                    

Unicode

လိုက်ထရပ်ကားလေးသည် ရောင်နီဦးကိုတိုးဝင်ကာ ပြေးလွှားနေသည်။ ညသန်းခေါင်ကျော်မှရွာထားသောမိုးကြောင့် လေထုကလည်း အေးစက်လွန်းလှသည်။ အစ်ကိုသည် သူယူလာခဲ့ပေးသောစောင်အပါးလေးကိုခြုံရင်း ကိုကောင်းမင်းမြတ်ပေါင်ပေါ်တွင်ခွေအိပ်နေသည်မှာ သူ့မျက်စိရှေ့၌ဖြစ်သည်။

ဧရာဝတီမြစ်ကိုဖြတ်ကူးထားသော စစ်ကိုင်းတံတားသည် ခံ့ညားထည်ဝါ၍နေသည်။ မိုးတွင်းမို့ရေတက်နေပြီး ရေစီးသံများပင် ကြားနေရသလိုခံစားရသည်။ သူ့ပေါင်ပေါ်တွင်အိပ်နေသော ပိုင်ပိုင်သည်လည်း စစ်ကိုင်းတံတားအဖြတ်ကျမှနိုးလာပြီး မြစ်ဧရာ၏အလှကိုထကာရှုစားနေလေသည်။ အစ်ကိုသည်ကတော့မနိုးသေးဘဲ အိပ်စက်နေသေးသည်။

သူတို့တည်းခိုမည့်ဘုန်းကြီးကျောင်းသို့မရောက်ခင်တော့ အစ်ကိုနိုးလာသည်။ အိပ်မှုန်စုံဝါးဖြင့် မျက်လုံးများကိုပွတ်သပ်ပြီး အသက်ကိုဝဝရှူကာ ခပ်ပြင်းပြင်းတစ်ချက်ပြန်မှုတ်ထုတ်သည်။ ထို့နောက် အလင်းရောင်ရနေပြီဖြစ်သောပတ်ဝန်းကျင်ကို ဟိုကြည့်သည်ကြည့်ဖြင့်ကြည့်နေသည်။

"ငါတို့စစ်ကိုင်းရောက်နေပြီလား ကောင်းမြတ်"

"ဟုတ်တယ်လေ ပိုင်"

"မင်းကလည်းကွာ၊ စစ်ကိုင်းတံတားဖြတ်ရင်နှိုးပါဆိုတာကို"

"ပိုင်ကလည်း၊ ပိုင်ကဒီလောက်အိပ်ပျော်နေတာကို၊ အိပ်ရေးပျက်မှာစိုးလို့ပေါ့၊ အပြန်ကျမှကြည့်ပါတော့"

အစ်ကိုနှင့်ကိုကောင်းမင်းမြတ် အချင်းများနေသည့်ကြားထဲ ပိုင်ပိုင်ကပါ စကားဝိုင်းထဲဝင်သွားပြန်သည်။

"အစ်ကိုက စစ်ကိုင်းမရောက်ဖူးဘူးလား"

"ရောက်တော့ရောက်ဖူးပါတယ်၊ ဒါပေမဲ့ အစ်ကိုက စစ်ကိုင်းတံတားကို အရမ်းသဘောကျတာလေ၊ ဧရာဝတီမြစ်ကြီးပေါ်ကနေ ပျံသွားရတဲ့ခံစားချက်မျိုး၊ အဲ့တာကြောင့် ဖြတ်ရင်နှိုးပါဆိုပြီး သေချာမှာအိပ်တာကို..."

အစ်ကိုသည် သူ့အားမကြည့်ဖူးသောမျက်စောင်းမဆိုနိုင်သည့် မကြည်ကြည့်ကလေးဖြင့် ကိုကောင်းမင်းမြတ်အား ဖျတ်ခနဲကြည့်သည့်အခါ ကိုကောင်းမင်းမြတ်ကပြန်ပြီး အစ်ကို့ပခုံးလေးကို သူ့ပခုံးနှင့်ခပ်သာသာပြန်တိုက်လေပြီး "ဆောရီးပါ ပိုင်ရာ၊ ကိုယ်တောင်းပန်တယ်"ဟုဆိုလေသည်။

ခိုWhere stories live. Discover now