Part 5

247 34 15
                                    

Unicode

ပထမနှစ်ဝက်စာမေးပွဲဖြေရန် တစ်ပတ်သာသာပင် လိုတော့သည့်အတွက် ယောက်ျားလေးဆောင်၊ မိန်းကလေးဆောင်အပြိုင် စာကျက်သံတို့ ညံညံဝေနေကြသည်။ တစ်ရက်စာတစ်ရက်မဟုတ်ပေမဲ့ တစ်ပတ်စာတစ်ပတ်ပုံမှန်ပြန်ကြည့်တတ်သော ခန့်မှူးပိုင်အဖို့ရာတော့ တွက်စာကိုသာ အားခဲရန်လိုတော့၏။ ယခုလို ဆူညံပုံမျိုးဖြင့် သူကျက်စာပုံမှန်လုပ်ခဲ့သည်မှာ မှန်ပေပြီ။ မဟုတ်လျှင် ဆူဆူညံညံတွေကြောင့် စာရမည်မဟုတ်ချေ။

"ခန့်မှူး၊ ကြိုးစားလှချည်လားကွ၊ အစ်ကိုတို့ မင်္ဂလာမန္တလေးသွားမလို့ လိုက်ခဲ့ပါလား၊ စိတ်ပြေလက်ပျောက်ပေါ့"

ပထမနှစ်စာမေးပွဲနှင့် နှစ်ရက်သာကွာသော စာမေးပွဲရှိပေမဲ့ ကိုချစ်မင်းဇော်သည် အပြင်ထွက်မပြတ်ချေ။ စာလည်းလုပ်သလို အပြင်လည်းထွက်သည်။ ခန့်မှူးပိုင်ကဲ့သို့ ဖက်ထုပ်ဆိုင်မှအပ မည်သည့်နေရာမှမသွားတတ်သူဖို့တော့ စာအုပ်ဖတ်ရန်နှင့် စာကြည့်ရန်သာရှိခဲ့၏။

"လိုက်ခဲ့စမ်းပါ၊ အားနေ စာအုပ်ကြီးတွေချည်းပဲ ကိုင်နေတာ၊ ငါ့ညီအစား ခေါင်းတောင်မူးတယ်၊ မြန်မြန် အဝတ်အစားလဲလိုက်၊ အစ်ကိုဟိုမှာ ကြေးအိုးဝယ်ကျွေးမယ်၊ ကဲ...ထ..."

ခန့်မှူးပိုင်အား ဇွတ်အတင်းဆွဲထူကာ အဝတ်အစားလဲရန် တိုက်တွန်းပြန်သည်။ အဝတ်အစားလဲပြီးနောက်တွင်တော့ ကိုချစ်မင်းဇော် ဆိုင်ကယ်နောက်မှ ပါသွားရတော့သည်။

"ရှေ့အပတ်က မီးခိုးရောင်ကားလေးနဲ့လာတာ ခန့်မှူးအိမ်ကလား"

"ဟုတ်တယ် အစ်ကို"

"အမေနဲ့ အဒေါ်လား၊ ဟုတ်လား"

ခန့်မှူးပိုင် အနည်းငယ်ပြုံးလိုက်ပြီးမှ ပြန်ဖြေလိုက်သည်။

"မားနဲ့ မေမေလေး"

"ဟမ်..."

ကိုချစ်မင်းဇော်သည် နားမရှင်းဟန်ဖြင့် အာမေဋိတ်ပြုသည်။

"အာ...မားက ကျွန်တော့်ကိုမွေးပြီး မေမေလေးကကျ အခုထိ ဘေးမှာပြုစုစောင့်ရှောက်ပေးခဲ့တဲ့သူပါ"

"အဆန်းပါလားဟ"

"အဆန်းတော့မပါဘူးဗျ"

ကိုချစ်မင်းဇော်စကားကို သူကရွှတ်နောက်နောက်ပြန်ပြောလေတော့ တဟားဟားရယ်လေသည်။

ခိုWhere stories live. Discover now