Part 9

216 30 6
                                    

Unicode

သူ့အား စူးစမ်းစွာကြည့်နေကြသည့်ကလေးများ၏ မျက်ဝန်းများကို ခန့်မှူးပိုင်ရင်မဆိုင်ဝံ့။ ထိုကလေးများ၏စိတ်ထဲ ရင်ထဲတွင် မည်သည့်အရာများရှိနေနိုင်သည်ကို ခန့်မှန်းစိတ်ကူးယဉ်ကာ ဝမ်းနည်းကြေကွဲမှုကိုခံစားနေရသည်။ သို့ပေမဲ့ ထိုကလေးများအား သနားသလိုအကြည့်များဖြင့်မကြည့်လိုပါလေ။ သိမ်ငယ်စိတ်ကလေးများအတွင်း အကြင်နာတို့မဝင်ရောက်ဘဲ ပိုသိမ်ငယ်အောင်ဖိနှိပ်မိမည့် သနားကြည့်တို့ဖြင့် ကြည့်မိမည်ကိုကြောက်သည်။ သူတို့ကိုယ်သူတို့ သာမန်လူများထက် တစ်ဆင့်အောက်ကျသည်ဟုတွေးမြင်ပြီး စိတ်ဒဏ်ရာရကြမည်ကိုစိုးသည်။ သူတို့သည်လည်း သာမန်လူတွေလိုပါပဲဟု ခံစားစေချင်မိသည်။ ဖြစ်နိုင်လျှင် လူကြီးများသည် ကလေးများအားတွေ့လျှင် ရယ်ပြပြုံးပြသလိုမျိုး ပြုချင်ပေမဲ့ သူ့စိတ်ကထိုမျှမခိုင်။ ထို့ကြောင့် သနားကြည့်တို့ဖြင့် မကြည့်မိအောင်သာ ခပ်မှန်မှန်ပင်ထား၍ ဂေဟာအတွင်းပိုင်းအထိ လျှောက်လှမ်းလာခဲ့လိုက်သည်။

"ကောင်လေးရောက်လာတာ ကွက်တိပါပဲလား၊ လာ လာ... လွန်ခဲ့တဲ့တစ်နာရီလောက်ကပဲ စစ်ကိုင်းအဖွဲ့ရဲ့ကားဆိုက်တာ၊ ပစ္စည်းတွေချပြီးနားနေကြတယ်လေ၊ လာ အထဲလာ"

ပထမတစ်ခေါက်လာစဉ်ကတွေ့ခဲ့သော ဦးလေးကြီးသည် သူ့အားမျှော်နေသည့်အလား ဝမ်းသာအားရနှုတ်ဆက်ရင်း လက်မောင်းရင်းကိုကိုင်ကာ အတူလိုက်ပါလာလေသည်။

"ဦးလေးက မန်းရိပ်ကလေးအံ့သြသွားအောင် ဘာမှမပြောဘဲထားထားတာ၊ ကောင်လေးနဲ့တွေ့ရင် သူအရမ်းဝမ်းသာပြီးငိုမယ်တောင်ထင်တယ်၊ မန်းရိပ်လေးငယ်ငယ်ကတည်းက မင်းအကြောင်းတွေ ဦးလေးမှာထပ်ခါတလဲလဲကြားခဲ့ရတော့ သူမင်းကိုဘယ်လောက်မျှော်လဲ သိတယ်ကွ...၊ ဟေ့ အနောက်ဘက်အိပ်ဆောင်ထဲသွားပြီး မန်းရိပ်ကိုသွားခေါ်ခဲ့စမ်း ဖိုးလပြည့်"

ဦးလေးကြီးသည် ဖိုးလပြည့်ဟူသောကောင်လေးအား လက်ညှိုးလှမ်းထိုးလျက် ခို့အားအခေါ်လွှတ်လေသည်။ ထိုအခါ ကောင်လေးသည် မျက်လုံးအဝိုင်းသားဖြင့် ဦးလေးကြီးနှင့်သူ့ထံ ပုဆိုးလေးပြင်ဝတ်လျက် ပင်ကွင်းလျှောက်သနည်းလျှောက်လာလေသည်။

ခိုWhere stories live. Discover now