Unicode
ပထမဆုံးဖြေရသည့်ဘာသာသည် Chemistryဖြစ်၍ သူခေါင်းအနည်းငယ်ပူခဲ့၏။ နောက်ရက်ဆိုလျှင်တော့ ပိုခေါင်းပူရမည့် Physicsသာဖြစ်သည်။ ကန်တင်း၌ထမင်းသွက်သွက်စားင်း သူအဆောင်ပြန်ဖို့ငှာ စိတ်စောနေမိသည်။ သူစာလုပ်ရမည့်ကိစ္စကရှိသေးသည့်အပြင် Calculatorပျက်သွားသည့်အတွက် သွားဝယ်ရန်အချိန်ပေးရပေဦးမည်။
"ပိုက်ဆံ ဒီမှာပဲထားခဲ့ပြီနော် ညီမလေး"
စားပွဲထိုးသည့်ကလေးမလေးအား သူတစ်ချက်လှမ်းပြောလိုက်ပြီး ကန်တင်းမှအထွက် ခန့်သော်နှင့်ဆုံသည်။ သူငယ်ချင်းအပေါင်းအသင်းနှစ်ယောက်ကြားမှခန့်သော်သည် သူ့အားဝတ်ကျေတန်းကျေပြုံးပြ၏။ ခန့်မှူးပိုင်ကတော့ စိတ်ရင်းဖြင့်သာပြုံးပြခဲ့သည်။ သူ့သူငယ်ချင်းဟုဆိုရလေမည်လား၊ သူငယ်ချင်းဟောင်းဟုဆိုရမည်လား မသိသောခန့်သော်အပေါ် သူစိတ်မကွက်လို။
ကျောင်းအတွင်းလမ်းကပင် သူအဆောင်သို့ ခပ်သွက်သွက်လျှောက်လာခဲ့သည်။ အဆောင်ဘေးမှကွပ်ပျစ်လေးတွင် ပုဆိုးခပ်တိုတိုဖြင့် ကောင်လေးကိုလှမ်းမြင်လေတော့ ခိုမှန်းသူတန်းသိလိုက်သည်။ ခိုသည်လည်း ထိုင်နေရာမှမတ်တပ်ကောက်ရပ်ပြီး သူရောက်အလာကိုစောင့်နေလေသည်။
"ခို၊ ရောက်တာကြာပြီလား၊ အစ်ကိုက မင်းမလာတော့ဘူးတောင်ထင်တာ"
"စိတ်မရှိနဲ့ အစ်ကိုရာ၊ ကျွန်တော် ဒီကြားထဲ စစ်ကိုင်းထပ်တက်လိုက်ရသေးလို့"
ခန့်မှူးပိုင် "သြော်"ဟုသာဆိုရင်း ခေါင်းညိတ်လိုက်သည်။
"ကျွန်တော် ဒီရှေ့ကဖက်ထုပ်ဆိုင်မှာ အလုပ်ပြန်ဆင်းတော့မှာ"
"သြော်...ကောင်းတာပေါ့ ခို၊ အစ်ကိုက အခုစာမေးပွဲဖြေနေရတာ၊ အပြင်သိပ်မရောက်ဘူး"
"ကျွန်တော်သိတယ်၊ အဲ့တာကြောင့် အစ်ကိုဖြေပြီးမယ့်အချိန်စုံစမ်းပြီး လာစောင့်နေတာ၊ ကျွန်တော့်ဘာသာဆို ညနေမှလာဖြစ်မှာ"
"အခု လာရင်းကိစ္စက..."
"သြော် ဒါလေးပြန်ပေးဖို့"
ခိုသည် သူ့လက်ထဲ သူ၏ပလက်တီနမ်လက်ပတ်ကလေးကို ပြန်ထည့်ပေးသည်။ သူလည်း ခေါင်းကိုခပ်ဆတ်ဆတ်ထပ်ညိတ်ပြီးသာ လက်ပတ်ကလေးကို ခပ်လျော့လျော့ဆုပ်ကိုင်ထားမိလိုက်သည်။ ဖခင်၏အမွေမို့ သူတန်ဖိုးထားပေမဲ့ ခို့ဆီမြှပန်တော့မလိုချင်ခဲ့မိပေ။
YOU ARE READING
ခို
Teen FictionUnicode မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပ်ံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ္ဆီ... Zawgyi မန်းရိပ်မှခိုသည် စံပယ်တို့ကို ချီ ပျံသည် ပျံ၏ ကိုယ့်ငှက်ငယ်သည် ငြိမ်းချမ်းရာ အရပ်ဆီ...