Part 23

177 19 7
                                    

Unicode

"စကားလေးပြောသလိုပဲ
သူ ကိုယ့်အနားရောက်လာပြီးတော့ ကပ်ထိုင်သွားသလိုပဲ..."

ရေချိုးရင်း သူသီချင်းလေးညည်းနေမိသည်။ လွန်ခဲ့သည့်တစ်ပတ်၊ ခို့အားရင်ဖွင့်ပြီးနောက် သူအနည်းငယ်စိတ်ပေါ့သွားသလို ခံစားရသည်။ ရေချိုးအဝတ်အစားလဲပြီးနောက် ခိုနှင့်တွေ့ရန်အတွက် ဖက်ထုပ်ဆိုင်သို့သွားဖို့ဆုံးဖြတ်ထား၏။ နဂိုကတစ်ဦးတည်းသွားရန် စဉ်းစားထားပါသော်လည်း ကောင်းမင်းမြတ်မှ သူလည်းဖက်ထုပ်စားချင်သည်ဆိုသဖြင့် တစ်ပါတည်းခေါ်လာခဲ့သည်။

ယခုတစ်ပတ်တော့ ကောင်းမင်းမြတ်နှင့်သူ့ကြားတော့ အထွေအထူးမရှိဘဲ ငြိမ်သက်ဆဲဖြစ်သည်။ ကောင်းမင်းမြတ်သည် သူ့အားနေရကြပ်မည့်အရာမှန်သမျှ မလုပ်သောကြောင့် သူပို၍အဆင်ပြေသည်။ အဖြေတောင်းခြင်း၊ သူတို့ကိစ္စနှင့်ပတ်သက်သည့်ကိစ္စများပြောခြင်းပင်မရှိဘဲ ပုံမှန်နေ့ရက်များကဲ့သို့ ပြောဆိုလုပ်ကိုင်နေလေသည်။

"ဖက်ထုပ်စားပြီးအပြန်ကျ တစ်ခါတည်း ထမင်းဝင်ဝယ်ကြမယ်နော် ပိုင်..."

သူခေါင်းညိတ်လိုက်သည်။ ကောင်းမင်းမြတ်သည် သူ့အားနေရခက်အောင်မလုပ်ပေမဲ့ ခေါ်နေကျနာမည်သည်ကတော့ အလုံးစုံပျောက်ကွယ်၍ သွားလေပြီ။ ပိုင်...ပိုင်...။ ကြားနေကျမဟုတ်၍ အနည်းငယ်တော့ နားထဲအဆင်မပြေရှိနေသေး၏။

"ဖက်ထုပ်ချဉ်စပ်တစ်ပွဲ၊ ကောင်းမင်းမြတ်... မင်းကရော..."

"ဖက်ထုပ်ချဉ်စပ်ပဲ"

"ဒါဆို နှစ်ပွဲနော်... ခို"

ခိုသည် သူတို့အမှာစာကိုရပြီးနောက် ဒေါ်လေးဝတ်ရည်ထံ သတင်းသွားပို့လေသည်။ ထို့နောက် သူတို့နှင့်မလှမ်းမကမ်းနေရာလောက်တွင် တိုင်တစ်တိုင်ကိုမှီကာရပ်ရင်း သူ့အားလှမ်းကြည့်နေပြန်သည်။

"ဟိုကောင်လေး မန်းရိပ်...၊ ဒီမှာရနေပြီနော်"

ဒေါ်လေးဝတ်ရည်၏အသံကြားသည့်အခါ ခိုတစ်ယောက် ဆိုင်အတွင်းပြန်ဝင်သွားပြီး ဖက်ထုပ်နှစ်ပွဲနှင့်အချဉ်ကို လင်ဗန်းတစ်ချပ်နှင့်တင်ကာ ပြန်ထွက်လာသည်။ ထို့နောက် သူတို့ဝိုင်းတွင် ဖက်ထုပ်ဖြူဖြူလေးနှစ်ပွဲအား လာချပေးသည်။ အဲ့သည်နောက်တွင်တော့ သူ့နေရာလေးသူ ပြန်သွားရပ်နေပြန်သည်။ ခိုသည် ဆိုင်တွင်ရှိသည့်အခါ သူနှင့်သိပ်ပြီးစကားပြောလေ့မရှိချေ။ ပြောချင်လျှင် သူပြန်ကာမှ နောက်မှလိုက်လာပြီးသာ ပြောလေ့ရှိသည်။ ဖက်ထုပ်ဆိုင်မှခိုသည် နဂိုထက်ပို၍ တည်တည်ကလေးဖြစ်၏။

ခိုWhere stories live. Discover now