Part 26

192 25 9
                                    

Unicode

ကြက်သီးများထသွားစေလောက်အောင် ညို့မှိုင်းကာချမ်းစိမ့်သော ရာသီဥတုကြောင့် ခန့်မှူးပိုင်၏ အတန်းတက်ချင်စိတ် သမာဓိကလေးအနည်းငယ်ပျက်သည်။ အိမ်မှာသာဆိုလျှင် သူအေးအေးဆေးဆေးနှပ်နေမိမည်မှာသေချာသည်။ သို့ပေမဲ့ အရေးကြီးသည့်လက်ချာချိန်မို့ ပျက်၍မဖြစ်သေးချေ။

ခပ်အေးအေးခပ်စိမ့်စိမ့်ရေကို မျက်နှာပေါ်တင်၊ သွားတိုက်ကာ အဝတ်အစားလဲပြီးနောက် သူကျောပိုးအိတ်ကိုဆွဲယူရင်း ဘေးခုတင်သို့ကြည့်လိုက်သည်။ အတန်းခေါင်းဆောင်ကြီးမှာ အိပ်ပျော်၍နေသေးသည်။

"ကောင်းမင်းမြတ်... ၈နာရီထိုးတော့မယ်နော်၊ အတန်းသွားမတက်ဘူးလား"

ကောင်းမင်းမြတ်သည် သူ့စကားတော့ကြားဟန်ရသည်။ စောင်ကိုတင်းနေအောင်ခြုံရင်း ပုစွန်လိုကွေးသွားကာ ပြန်ဖြေသည်။

"အေးတယ်ကွ၊ အတန်းသွားတက်လည်း လူသိပ်ရှိမှာမဟုတ်ဘူး၊ အဲ့ကျ ဆရာကနည်းနည်းပဲသင်မှာ၊ ဆက်အိပ်လိုက်ဦးမယ်ကွာ"

သူ့အတွေးနှင့်သူကတော့အဟုတ်ပင်။ ရာသီဥတုက အစိုးမရလေတော့ မိုးကာကိုသတိတရထည့်ပြီး သူအဆောင်ခန်းမှထွက်လာခဲ့သည်။ အပြင်ရောက်ကာမှ လေကပိုစိမ့်နေသည်။ ကွပ်ပျစ်နားတွင်တော့ အရိပ်ကလေးတစ်ခု။

"ခို..."

ခိုသည် သူပေးထားသောဆွယ်တာလေးအား ကျောင်းစိမ်းအဖြူပေါ်မှ ထပ်ဝတ်ထားသည်။

"ဘယ်အချိန်ကတည်းကရောက်နေတာလဲ"

"သိပ်မကြာသေးပါဘူး အစ်ကို"

ခိုအသံမှာအနည်းငယ်တိုးပြီး အက်ကွဲနေသည်။ လည်ချောင်းနာကာ အသံဝင်နေသည့်အသံလိုမျိုး။

"မနက်စာရောစားခဲ့လား၊ မစားရသေးရင် ...."

"ကျွန်တော်စားခဲ့ပါပြီ၊ အစ်ကို့ကိုဒါပေးဖို့လာခဲ့တာ"

ခိုသည် သူဝယ်ပေးထားသောမိုးကာလေးကို သူ့အားပြန်ပေးနေသည်။ ခန့်မှူးပိုင် နားမလည်စွာဖြင့် မိုးကာကိုတစ်လှည့် အားမရှိလှသည့်ခို့မျက်နှာကိုတစ်လှည့် ကြည့်နေမိသည်။

ခိုWhere stories live. Discover now