Part 6

243 31 17
                                    

Unicode

လက်ပံနီရဲရဲတို့အား ကျောင်းတံတိုင်းမှကျော်၍ မြင်နေရသည်။ တောင်လေမြောက်လေတို့ ဆုံဆည်းရာနေရာတို့တွင်တော့ လေပွေရူးတို့က တလူလူ။ သစ်ရွက်ဝါကျင်ကျင်များကိုမော့ကြည့်ရင်း မြေလူးရွက်ခြောက်ကို တဂျွတ်ဂျွတ်မြည်အောင်နင်းလေရင်း သူအဆောင်ပြန်လမ်းကို လျှောက်လာခဲ့သည်။ ပထမနှစ်ဝက် စာမေးပွဲပြီးခဲ့လေပြီ။

"ခန့်မှူး... ဟိတ်ကောင်..."

သူ့နောက်ကိုအပြေးအလွှားလိုက်လာရင်း တကြော်ကြော်အော်ခေါ်နေသော သူငယ်ချင်းကောင်းကို သူလှည့်ကြည့်ကာ ရပ်စောင့်နေလိုက်သည်။

"ဘယ်လစ်ပြေးတာလဲ မင်းက...၊ ကျောင်းသင်္ကြန်ကဲပါမယ်ဆို"

"တော်ပါပြီ ခန့်သော်ရာ၊ ငါအဲ့လိုလူစည်စည်ကြားထဲ မနေတတ်ပါဘူး"

"အဲ့တာကြောင့် မင်းပုံစံကြီးက ခြောက်ကပ်နေတာ၊ လာစမ်းပါ၊ ဟိုမှာ စာကြည့်တိုက်ရှေ့မှာ လူစုနေပြီ၊ လာစမ်းပါကွာ"

ခန့်သော်ဇင်သည် စိတ်မရှည်စွာဖြင့် သူ့အားဆွဲခေါ်သွားတော့သည်။ အသံချဲ့စက်စမ်းသည့်အသံကို သူတို့ခပ်လှမ်းလှမ်းမှ ကြားနေရပြီဖြစ်သည်။

"ငါတော့ အစောကိုရေသွားလောင်းဖို့ ရင်တွေအရမ်းခုန်နေပြီ"

သူခေါင်းငုံ့ပြီးရယ်လိုက်သည်။ ခန့်သော်ဇင်တို့တော့ တစ်ဖက်သက်ငေးရသူလေးကို အတည်ပိုးတော့မည်ထင်ပါရဲ့။

"ဝေး...."

အော်သံညံညံနှင့်အတူ သူ့ကိုယ်ပေါ်စီးဆင်းသွားသော ရေအေးများကြောင့် တစ်ချက်မျှတွန့်ခနဲဖြစ်သွားရသည်။ အတန်းခေါင်းဆောင်တစ်ဖြစ်လည်း အီးစီကောင်းမင်းမြတ်တို့အဖွဲ့ဖြစ်သည်။ မည်သည့်နေရာမဆို တက်တက်ကြွကြွရှိလွန်းသော အီးစီကို သူအားကျမိသည်။ ဦးဆောင်နိုင်စွမ်းလည်းရှိသလို နေရာမရွေး တက်တက်ကြွကြွပါဝင်တတ်သူဖြစ်သည်။ တာဝန်ခံတတ်သူလည်းဖြစ်ပါသည်လေ။

"ရေခဲရေတွေ... အား... ကျောကိုစိမ့်သွားတာပဲ"

ခန့်သော်ဇင်က သူ့ရှပ်အင်္ကျီကိုခါလျက်သား ဆိုသည်။ အမှန်လည်း ကျောထဲစိမ့်ပါသည်။ နေပူပူတွင် ရေခဲရေမိလေတော့ ပိုဆိုးသည်မဟုတ်လား။ ထို့နောက် ခန့်သော်ဇင်ကပါ ကန်တင်းပြေးကာ ရေဘူးနှစ်ဘူးဝယ်လာပြီး သူ့အားတစ်ဘူးပေးလေသည်။

ခိုWhere stories live. Discover now