Part 11

199 32 4
                                    

Unicode

ခိုတို့၏ဂေဟာလေးတွင် သူတို့လာလှူဖြစ်မည့်အကြောင်း ခို့အားပြောပြမိတော့ ဝမ်းသာသည့်မျက်နှာကိုမြင်ရသော်လည်း သိပ်မကြာဘဲပျောက်ကွယ်သွားလေသည်။

"အစ်ကိုတော့ ကျွန်တော့်ကြောင့်ဒုက္ခများပြန်ပြီ"

"အဲ့လိုလည်းဘယ်ဟုတ်မလဲ ခို၊ အစ်ကိုက ကူညီချင်ရုံသက်သက်ပါ၊ ခို့အတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ်မထင်ခဲ့ဘူး၊ ဆောရီးပါကွာ"

"အစ်ကို့ကို ကျေးဇူးတင်ပါတယ်၊ တကယ်ကျေးဇူးပါပဲ"

ခိုသည် သူ့အားအလေးအနက်ဖြင့်ပြောနေကြောင်း မျက်ဝန်းတို့မှသိရသည်။ သူလည်းယခုမှ စိတ်သက်သာရာရကာ ပြုံးမိသည်။

"ဒါဆို အစ်ကိုပြန်တော့မယ်၊ မနက်ဖြန် တစ်ဘာသာကျန်သေးတယ်လေ"

"အဆင်ပြေပါစေ အစ်ကို"

ညတာသည်ရှည်ပြန်၏။ စာမေးပွဲနောက်ဆုံးရက်ကို ရောက်ရန်သူစိတ်စောနေ၍လား၊ နောက်ဆုံးရက်၏နောက်ရက်တွင် ဂေဟာသွားရမည်ကို စိတ်စော၍လားမသိ သူအိပ်မပျော်ဖြစ်နေခဲ့သည်။ ထို့ကြောင့် ရပြီးသားစာများကို စိတ်မှတစ်ဖန်ပြန်နွှေးရန်ကြိုးစားလိုက်သည်။ သိပ်မကြာ။ သူကောင်းမွန်သောအိပ်ဆေးရသလို ကောင်းကောင်းအိပ်ပျော်သွားခဲ့သည်။ အိပ်မက်ဆိုးများမမက်ခဲ့ပြီမှာ ရက်အတော်အတန်ရှိခဲ့ပြီ။ ခိုသည် အိပ်မက်ထဲမလာတော့ဘဲ သူ့ဘဝအစစ်ထဲကိုသာ လာနေသောကြောင့်ဖြစ်မည်။

"ခန့်မှူးပိုင်..."

ဆရာ၊ ဆရာမများနားနေဆောင်ဘက်မှ ချောင်ကျကျနေရာဆိုင်လေးတွင် ခန့်မှူးပိုင်မနက်စာစားနေခဲ့ခြင်းဖြစ်သည်။ ထိုစဉ် သူ့နာမည်အား တရင်းတနှီးခေါ်လျက်ရောက်လာသူမှာ အီးစီကောင်းမင်းမြတ်ဖြစ်သည်။ သူတစ်ယောက်တည်းသာရှိသောဝိုင်လေးတွင် ကောင်းမင်းမြတ်သည် ကျောပိုးအိတ်လေးချလျက် တစ်ထောင့်တစ်နေရာဝင်ဖြည့်ထိုင်လာသည်။

"သြော် အီးစီ၊ မနက်စာလာစားတာလား"

"ဟုတ်တယ်၊ ငါကဒီမှာအမြဲစားတာ၊ မင်းကိုတော့ အရင်ကဒီမှာမတွေ့ဖြစ်ဖူးလားလို့ပါ"

ခိုWhere stories live. Discover now