Part 31

141 19 6
                                    

Unicode

မနက်စာစားပွဲဝိုင်းမှရနေသော မုန့်ဟင်းခါးနံ့သင်းသင်းက သူ့ခန္ဓာကိုယ်ကို အငြိမ်မနေစေအောင် နှိုးဆွ၍နေ၏။ မျက်စိရှေ့ရောက်ရှိလာတော့မည့် မုန့်ဟင်းခါးဝါဝါလေးကို သူလည်တမျှော်မျှော်လုပ်နေမိသည်။

"ကဲ... ရပြီ ခန့်မှူးလေးရေ၊ ဒီမှာ ဟင်းရည်ကမကျသေးလို့ စောင့်နေရတာ၊ ငါ့သားလေးကို အနံ့တွေနဲ့နှိပ်စက်နေမိပြီလား"

မုန့်ဟင်းခါးပန်းကန်လေးကို နှောင့်နှေးမှုမရှိဘဲမွှေလျက် သူခပ်ငိုက်ငိုက်ပြုံးလိုက်သည်။ ခန့်မှူးပိုင်သည် မေမေလေး၏မုန့်ဟင်းခါးကို ကမ္ဘာပေါ်တွင် အကြိုက်ဆုံးသတ်မှတ်ထားသူဖြစ်သည်။

"စားကြည့်ပြီး မေမေလေးကို လိုတာပြန်ပြော"

ပထမဆုံးသော၊ အရသာအရှိဆုံးသော၊ သူ၏အာသီသကို ဖြေဖျောက်ပေးနိုင်သောတစ်ဇွန်းကို သူစစားလိုက်သည်။ ဘာနှင့်မျှမလဲနိုင်သော နတ်သုဒ္ဓါ...။ ချိုချဉ်ငံစပ် ကွက်တိကျအောင် တစ်ခါတည်းဖက်စပ်ပေးနိုင်သောမေမေလေး၏လက်ကလေးကို သူကြံဖန်ပြီးကျေးဇူးတင်မိသည်။

"စားလို့ကောင်းလိုက်တာ မေမေလေးရယ်၊ မားရှိရင်လည်း သိပ်ကြိုက်မှာ"

"အမလေး အစားကောင်းစားရတော့ သူ့မားကိုသတိရတတ်သား၊ သားလေးကမွေးရကျိုးနပ်ပါ့တော်၊ ကျွန်မလည်း ဒါမျိုးသားလေးလိုချင်လိုက်တာ"

"သားရှိတာကိုပဲ မေမေလေးကလည်း"

သူ့အဖြေကို မေမေလေးက သဘောတကျဖြင့် ကျေကျေနပ်နပ်ပြုံးရင်း ဆံသားများကိုလာဖွပေးသည်။ မကြာမီကျောင်းပြန်တက်ရတော့မည်။ တစ်ပတ်လောက်သာလိုတော့၏။ ကောင်းမင်းမြတ်လည်း ပြန်ဖြေဆိုစာမေးပွဲပြီး၍ သူ့အိမ်သူပြန်ချေပြီ။ ယမန်နေ့ညကမှအိမ်ပြန်ရသည်ကို ကျောင်းမြန်မြန်ပြန်တက်ချင်သည်ဟုဆိုသွားသေးသည်။ ယခုတစ်ခေါက်တော့ ထိုအဓိပ္ပါယ်ကို သူကောင်းကောင်းနားလည်လျက် ရင်ခုန်ရသည်။ ကောင်းမင်းမြတ်အကြောင်းတွေးရသည့်အချိန်ကလည်း ပိုပိုပြီးစိပ်လာတော့၏။

"မားကညနေပြန်ရောက်မှာလား မေမေလေး"

"ပြောတာပဲ သားရယ်၊ ဒါပေမဲ့ မသေချာဘူးတဲ့လေ၊ တစ်ရက်လောက်ကြာချင်ကြာဦးမယ်တဲ့"

ခိုWhere stories live. Discover now