Part 38

225 22 20
                                    

Unicode

"ရင်မှာချစ်များချစ်မိနေလား မရေရာဘူး စိတ်ထဲက
ငယ်ငယ်ကသံယောဇဉ် ခင်မင်ရုံစိတ်ကလေးများ"

နှင်းဆီဆောင်ရှေ့အုတ်ခုံတွင်ဖြစ်သည်။ ကိုကောင်းမင်းမြတ်တီးဆိုနေသောသီချင်းကို အစ်ကိုနှင့်သူထိုင်ရင်းသား လိုက်လံညည်းဆိုမိနေကြသည်။ စာမေးပွဲကြီးလည်းပြီးခဲ့ပြီ။ နောက်တစ်နေ့ကစပြီး သူမည်သည်ကိုစလုပ်ရမည်လဲ မဝေခွဲနိုင်ဘဲရှိသည်။ ရင်ထဲတွင်လည်းဟာတာတာရှိပြီး တစ်နှစ်တာမျှမျက်လုံးနှင့်မကွာနိုင်ခဲ့သောစာအုပ်များကိုလည်း ယခုတော့ဆက်ကြည့်ရန်မရှိတော့ချေ။

"ခို...ဘာဆိုမှာလဲ"

သူကြယ်မှိန်မှိန်ဖြင့်ကောင်းကင်ကိုမော့ကြည့်နေရာမှ ခေါင်းယမ်းမိလိုက်သည်။

"မတီးတာကြာတော့ ကျွန်တော်မရတော့ဘူး"

"ဒါဆိုလည်း ဆိုပဲဆိုလေ မန်းရိပ်၊ အစ်ကိုတီးပေးမယ်"

ကိုကောင်းမင်းမြတ်မှတီးပေးမည်ဆိုသော်လည်း သူမဆိုချင်ပြန်။ စိတ်ထဲတွင်လည်း ဂီတနှင့်ပတ်သက်ပြီးခံစားလိုမှုမရှိသေး။

"ခိုကလည်း ဆိုတာမဟုတ်ဘူး၊ စာမေးပွဲလည်းပြီးပြီပဲ၊ မနက်ဖြန်ကျ ခို့အတွက် အစ်ကိုလက်ဆောင်လိုက်ဝယ်ပေးစရာရှိသေးတယ်"

"မဟုတ်တာပဲ အစ်ကို"

"ငါ့ညီလေးကိုတစ်နှစ်လုံးဖိထားပြီးမှ ဆုပြန်ချချင်လို့ပါ၊ မငြင်းနဲ့၊ ကဲ အခုတစ်ခုခုဆို၊ အစ်ကိုနားထောင်ချင်တယ်"

အစ်ကိုနားထောင်ချင်သည်ဟုဆိုလာပြန်တော့ သူမငြင်းနိုင်တော့ပြန်။ သို့ပေမဲ့ သူ့စိတ်ထဲတွင် ဆိုချင်သောသီချင်းမရှိသော်လည်း ကိုကောင်းမင်းမြတ်ထံမှဂစ်တာကိုတော့ လက်လှမ်းယူထားလိုက်သည်။

"ဘာနားထောင်ချင်လဲ အစ်ကို"

"ဟိုတစ်ခါကအစ်ကိုတို့အတူနားထောင်တဲ့ အာဇာနည်သီချင်း"

"ကျွန်တော် ကော့ဒ်မရဘူး အစ်ကို"

သူရသော်လည်း ထိုသီချင်းကိုတော့မဆိုချင်သဖြင့် ရှောင်လွှဲမိလိုက်သည်။

ခိုWhere stories live. Discover now