Part 5

391 33 0
                                    


တိမ်နေယံတို့ အလုပ်မလုပ်ချင်လို့အလေလိုက်နေသမျှ daddy တို့ပြန်ရောက်လာတာနဲ့ခြေချုပ်မိတော့တာပါဘဲ။
ကျွန်တော်တို့မိသားစုက ဒယ်ဒီရယ်၊မာမီရယ်၊ကျွန်တော်ရယ် သုံးယောက်တည်းပါဘဲ။
ကျွန်တော်က တစ်ဦးတည်းသောသားပါ။
ပြီးတော့ THE DREAM Company ရဲ့ တစ်ဦးတည်းသော အမွေဆက်ခံသူပေါ့ ။

အဲ့တာကြောင့်လည်း  ဒယ်ဒီက သူ့လုပ်ငန်းတွေကို နောင်တစ်ချိန်မှာ ဦးစီးလုပ်ကိုင်နိုင်ဖို့ ကျွန်တော့်ကို အခုကတည်းက သူ့အလုပ်တွေကို ကူလုပ်ခိုင်းနေတာပါ။ ဒယ်ဒီက တစ်ခါတည်း သူ့လုပ်ငန်းတွေကို လက်လွှဲယူမှာကို မလိုလားဘူးဗျ့။
ဒါကြောင့်လည်း The Dream နဲ့အပြိုင်နာမည်ရနေတဲ့ The Great World company မှာ အလုပ်သင်အဖြစ် အရင်ဝင်လုပ်စေချင်ပါတယ်တဲ့ ။ ဘယ်ရမလဲ တိမ်နေယံတို့က ချက်ချင်းကို တက်တက်ကြွကြွနဲ့ ငြင်းလိုက်ပါတယ် ။ ဒါပေမဲ့ .....
ကျွန်တော် အလုပ်သင် အဖြစ် သွားလုပ်ချင်ရလောက်တဲ့အထိ အကြောင်းပြချက်လှလှလေးတစ်ခုက ဆိုက်ဆိုက်မြိုက်မြိုက်ကို ကျွန်တော့်စီ ရောက်လာခဲ့တယ်.....။

အလုပ်သင်အဖြစ် မလုပ်ခင် 1 ပတ်အလို:

ဒယ်ဒီကတော့ မင်းမလုပ်ရင် မင်းကိုပေးထားတဲ့ black card တွေကော၊ ကားတွေကော ၊ ကွန်ဒိုတွေပါ အကုန်သိမ်းပစ်မယ်လို့ ရာဇသံပေးထားပါတယ်။
" ဟင့် ဒယ်ဒီတို့များ ၊ တစ်ဦးတည်းရှိတဲ့ သားလေးကို ဒီလောက်ထိလုပ်ရက်ရလား အီးဟီး "
" ဟေ့ကောင် ၊တိမ်နေယံ "
" ဘာလဲ ဦးတိမ်လယံ ၊ အီးဟီး ဒယ်ဒီပါပါးတို့က လုပ်ရက်လိုက်တာ "
" မင်း မျက်ရည်လည်းမထွက်ဘဲနဲ့ လုပ်ငိုမနေစမ်းပါနဲ့ တိမ်နေယံရာ "
" ဘာဖြစ်လဲ ဒယ်ဒီရာ ၊ ငိုတာတောင် အေးဆေးမငိုရဘူး ဟုတ်တယ် "
" သွားစမ်းပါကွာ ၊ အလုပ်သင် အဖြစ် လုပ်ဖို့ တစ်ဖက် company အခြေအနေတွေဘယ်လိုရှိတယ် ၊ CEO နဲ့လဲ သွားတွေ့သင့်သွားတွေ့ထားမှပေါ့ကွ "
" ငါ company သွားတော့မှာနော်၊ ပြန်လာရင် ပြင်ဆင်ထားပြီးသားဖြစ်ပါစေ နော် "
" ဟုတ်ပါပြီ ဒယ်ဒီရာ "
ဒယ်ဒီ company သွားတာနဲ့ ကျွန်တော်လည်း အပြင်သွားဖို့ ရေမိုးချိုးပြီးပြင်ဆင်လိုက်တယ်။ ပြီးတာနဲ့ ကားသော့ဆွဲပြီး ထွက်လာလိုက်တော့တယ်။

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Où les histoires vivent. Découvrez maintenant