Part 22

132 26 18
                                    

" မောင် "

" ပြောလေ ၊ မောင့်ကလေးလေး "

" မောင်က ကလေးလေးတွေချစ်တတ်လား။ဟင် "

" ဘာလို့မေးတာလဲ ၊ မောင့်ကလေးရဲ့ ရုတ်တရက်ကြီး "

" ဒီအတိုင်းဘဲ သိချင်လို့ပါ မောင်ရဲ့ ... "

" မောင် အမှန်တိုင်းပြောရရင်တော့ ကလေးလေး‌တွေဆို သိပ်အူယားတာ ၊ ပြီးတော့ သူတို့လေးတွေကိုလည်း မောင်က တဖြည်းဖြည်းနဲ့ ကြီးပြင်းလာအောင် အရိပ်တကြည့်ကြည့်နဲ့ ပြုစုပျိုးထောင်ချင်တာ "

တာယာ စိတ်ထဲ ဝမ်းနည်းမှု‌တို့က လှိုက်တက်လို့လာသည်။
သူက ယောင်္ကျားလေးတစ်ယောက်ဖြစ်နေတဲ့အတွက် မောင့်အိမ်မက်လေးကို ဖြည့်စည်းပေးနိုင်မှာ မဟုတ်ပေ။
‌အဲ့လိုဆိုရင်လည်း မောင့်ကို လက်လွှတ်ပေးပြီး သာယာတဲ့ မိသားစု ဘဝလေးကို တည်ထောင်ခွင့်ပေးလိုက်ပါဆိုရင်လည်း သူအတ္တကြီးတယ်ဘဲ ဆိုကြပါစေဦးတော့ သူ မောင့်လက်ကို မလွှတ်တမ်း ဆွဲထားမိမှာပင်။

ကမ္ဘာပြောပြီး ကလေးလေးကို ကြည့်လိုက်တော့ သူ့ကို ဝမ်းနည်းရိပ်သန်းနေတဲ့ မျက်ဝန်းလေးတွေနဲ့ တွေတွေလေးငေးကြည့်နေတဲ့ မြတ်နိုးရသူလေး။

" မောင့် ကလေးလေး "

" အင်း ၊... ဟင်း မောင် ၊ ဘာပြောမလို့လဲ "

" လာ ၊  မောင့်ရင်ခွင်ထဲလာပါဦး ကွာ "

လို့ဆိုတော့ ရင်ခွင်ထဲကို တိုးဝင်လာတဲ့ ကလေးလေး။

" ဝမ်းနည်းသွားတာလား ၊ မောင့်ကလေးလေး က "

" မောင် ၊ ကျွန်တော်က မောင့် ဆန္ဒလေးတွေ မဖြည့်ပေးနိုင်ဘူး ဟင့် ... "

" ရှုး၊ မငိုပါနဲ့ မောင့်ကလေးရယ် ၊ မောင့်ကိုကြည့်ပါဦး "

" မောင်ပြောပြမယ် ၊ မောင်က ကလေးလေးတွေချစ်တတ်တာမှန်ပေမဲ့ ကိုယ့်သွေးသားရယ်လို့မှ မဟုတ်ပါဘူးကွာ "

" ဒီလောက ကမ္ဘာကြီးမှာ မေတ္တာငတ်နေတဲ့ ကလေးလေးတွေမှ အများကြီးပါ ... "

" မောင်တို့က သူတို့လေးတွေ အကုန်လုံးကို ထပ်တူညီတဲ့ ချစ်ခြင်းမေတ္တာတွေ မပေးနိုင်ရင်တောင် သူတို့လေးတွေထဲက တစ်စုံတစ်ယောက်ကိုတော့ အပြည့်အဝ ချစ်ပေးနိုင်စွမ်းရှိပါတယ် ... "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now