Part 25

134 26 20
                                    

ဒီနေ့ မောင့် အိမ်မှာ ဦးမာနထွဋ်ခေါင်တို့ကို ထမင်းစားဖိတ်ထားလေသည်။ ဦးမာနက သူ့သူငယ်ချင်းကို ပြောစရာရှိတာကတစ်ကြောင်း သူသူငါငါ အလုပ်ကိုယ်စီနဲ့ဆိုတော့ သူတို့သူငယ်ချင်းနှစ်ယောက် ကောင်းကောင်းစကားမပြောရတာ ကြာပြီဖြစ်တာကြောင့်ကောပါ မောင့်ကို ထမင်းအတူတူ တစ်ရက်သွားစားကြရအောင်ဟု ဖုန်းဆက်ထားခြင်းဖြစ်သည်။

ဦးမာန ဖုန်းဆက်လာတဲ့ အချိန်က မောင်နဲ့ ကျွန်တော် ဈေးဝယ်နေတဲ့အချိန်ဖြစ်နေတာကြောင့် မောင်က သူ့အိမ်ကိုဘဲ လာခဲ့ရန် ပြောလိုက်ခြင်းဖြစ်သည်။ သူပြောပြီးကာမှ မောင်က

" မောင့်ကလေးလေးက ချက်ကျွေးမယ် မဟုတ်လား ဟင် " တဲ့။

ဘယ်လိုတောင် မျက်နှာငယ်လေးနဲ့ မေးလည်းဆိုတာ ခင်ဗျားတို့ကို ကိုယ်တိုင် မြင်စေချင်စမ်းပါတယ်။

" မောင်ရယ် ချက်ကျွေးမှာပေါ့ဗျာ ၊ Chilli လေးတို့ကို ကော ဖုန်းဆက်ထားလိုက်လေ မောင် "

" ဒါဆို အားလုံးအတူတူဆုံသွားတာပေါ့ မဟုတ်ဘူးလား "

" မောင့် ကလေးလေး ‌အတော်ဆုံး ၊ ရွှတ် "

" မောင် ! ... "

" သူများတွေ မြင်ကုန်တော့မယ်ဗျာ .. "

တကယ်ပါ ကျွန်တော့်မောင်က အဆိုးလေးရယ် ။

ဒါကြောင့် ဒီနေ့အိမ်မှာ လူစုံကြမည်ဖြစ်သည်။ ကျွန်တော်ကတော့ မနက်စာစားပြီးကတည်းက ချက်နေတာရယ် ။

ခါးကို ရစ်ပတ်လာတဲ့ သန်မာတဲ့ အားတွေနဲ့ လက်တစ်စုံ ။

" မောင် ၊ ကျွန်တော် ဟင်းချက်နေတယ်လေ မောင်ရယ် "

" မောင့်ကလေးလေးက ဘာလို့ အစောကြီးထသွားတာလဲ မောင်က အိပ်မပျော်တော့ဘူး"

" ရွှတ် .. "

" မောင် ... ၊ ဟင်းနံ့‌တွေစွဲကုန်လိမ့်မယ် "

" စွဲပါစေပေါ့ "

" မောင်ကတော့လေ ... "

" မောင့်ကလေးလေး "

" ပြောလေ မောင် "

" မောင် ဘာလုပ်ကူရဦးမလဲ ၊ နုရီ တို့လည်း မတွေ့ပါလား "

ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ] Where stories live. Discover now