Chilli ဘဝအတွက်ဒီနေ့က အရေးကြီးဆုံးနေ့တစ်နေ့ပင်။
ဒီနေ့က January 10 , 2023 ။Chilli နဲ့ Daddy ရဲ့ 1 yr anniversary နေ့ပင်ဖြစ်သည်။ ဒီနေ့မှာ Daddy ကို လက်ထပ်ခွင့်တောင်းဖို့ စီစဉ်ထားပြီးသားဖြစ်သည်။
ပြင်ဆင်စရာတွေရှိတာကို မနေ့ကတည်းက ပြင်ဆင်နေတာဖြစ်သည်။ဒီနေ့လည်း မနက်ကတည်းက Daddy ဝတ်ဖို့ ဝတ်စုံရယ် နေရာလေးတွေရယ် ကို ပြင်ဆင်နေတာဖြစ်သည်။
လက်စွပ်ကိုတော့ လွန်ခဲ့တဲ့ 6 လလောက်ကတည်းက ဆိုင်မှာ ဒီဇိုင်းဆွဲပြီး အပ်ထားပြီးသားဖြစ်သည်။ ပြင်ဆင်စရာလေးတွေရှိနေသေးတာကြောင့် Daddy ကိုတောင် ဂရုမစိုက်မိပေ။
Daddy တစ်ယောက် စိတ်တွေဆိုးနေမှာကိုမြင်ယောင်ပြီး ဒီကကောင်က အသည်းတွေယားနေရပါသည်။
ခင်ဗျားတို့မသိလို့ Daddy က စိတ်ဆိုးတဲ့ အချိန်ရယ် ၊ ပြုံးတဲ့အချိန်ရယ်ဆို သိပ်ကိုလှတာ ။အခုတော့ တစ်နေကုန်ပြင်ဆင်ပြီး ညနေစောင်းတောင်ရောက်နေပေါ့။ ဒါကြောင့် hotel က ကောင်လေးတစ်ယောက်ကို Daddy အတွက် ဝတ်စုံလေးသွားပို့ခိုင်းထားလိုက်သည်။
ပွဲမှာ ကိုကိုတို့ကိုလည်း ခေါ်ပြီးပြီ။ Daddy သူငယ်ချင်းတွေကတော့သိပ်မရှိပေ။
Daddy က ကျောင်းတက်ကတည်းက တစ်ယောက်တည်းနေတာများတယ်တဲ့။ဒါကြောင့် ပွဲလေးမှာ Daddy ရယ်၊ ကျွန်တော်ရယ် ၊ ကိုကိုရယ် ၊ ကိုကို Angle ရယ် hotel ကဝန်ထမ်းလေးတွေရယ်သာရှိသည်။
ဘယ်သူမှမရှိလည်း ဘာအရေးလည်း။
ကျွန်တော်တို့နှစ်ယောက်ရဲ့ ချစ်ခြင်းမှာ ကျွန်တော်တို့နှစ်ယောက်နဲ့သာလျင် လုံလောက်နေပြီမလို့။အခုတော့ ကျွန်တော်လည်း အဝတ်အစားလဲပြီးပြင်ဆင်လိုက်ဦးမယ်။
ပြီးရင်တော့ ...... အဟိ ။••••••••••
နေကောင်းကင် စာလေးကိုဖတ်ပြီး ဝတ်စုံလေးကို ဖွင့်ကြည့်လိုက်တော့ သိပ်လှတဲ့ suit လေးတစ်စုံဖြစ်ပြီး အနားမှာ ရွှေစလေးတွေနဲ့ ကွတ်ထားခြင်းဖြစ်သည်။
Baby ကသူအကုန်ရှင်းပြမှာမလို့ ဝတ်စုံလေးဝတ်ပြီး ကမ်းခြေဆီလာခဲ့လို့ စာလေးထဲမှာ ရေးထားတာဖြစ်သည်။
YOU ARE READING
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romance၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022