မာနထွဋ်ခေါင် တစ်ယောက် ဒီနေ့ ပေါက်စီလုံးလေးတို့ အရမ်းတွေဂျီကျလို့ company ကိုခေါ်လာရပါတယ်။
ဒီနေ့မှ ရုံးတွင်း meeting ကလည်းရှိနေတော့ ပေါက်ဆီလုံးလေးကို မကြည်လက်ထဲခဏထည့်ခဲ့ရတယ်။
မကြည်ကတော့ ရုံးမှာ ကျွန်တော် အယုံကြည်ရဆုံး အတွင်းရေးမှုးတစ်ယောက်ပါ၊ မကြည်က အသက် ၄၀ ကျော်သာပြောတာ ခုချိန်ထိ နုဖတ်နေတုန်းပါဘဲ ၊ တစ်ကိုယ်တည်း အပျိုကြီး ဆိုတော့ ကလေးကလည်း အတော်ချစ်တတ်ပါတယ်။
ဒါကြောင့် စိတ်ချလက်ချထားခဲ့တာ။Meeting ပြီးတော့ စာရင်းတွေ စစ်ပြီးလက်မှတ်ထိုးနေတုန်း .....
" Boss ၊ The Dream company က ဝင်ခွင့်တောင်းနေပါတယ် "
" The Dream company "
" ဝင်လာခိုင်းလိုက်ပါ " ။ဝင်လာတဲ့သူက ကောင်လေးတစ်ယောက် ။
ကြည့်ရတာ ဦးတိမ်လယံရဲ့ သားဖြစ်မယ်ထင်တယ်။
တစ်စိတ်လောက် ၊ ဒီကောင်လေးက ကျွန်တော့်ကို ဘာလို့ မျက်တောင်တစ်ချက်မခတ်ဘဲ စိုက်ကြည့်နေပါလိမ့်။" ဟေ့၊ ဒီမှာ ကောင်လေး ၊ ဟေ့ ... "
" ဟမ် "
" မင်းဘာတွေ ၊ ဒီလောက်ငေးနေရတာလဲ ၊ ကိုယ့်မျက်နှာမှာ ဘာတွေပေနေလို့လဲ "
" အာ၊ မပေပါဘူး ၊ ကျွန်တော်က ဦးအရမ်းချောနေတော့ ငေးမိသွားတာပါ "
" အဟမ်း ၊ ထိုင်ပါ "
" ဟုတ် " ။" မကြည်ရေ ၊ ကျွန်တော့်ကို coffee နှစ်ခွက်လောက် ဖျော်ပေးပါလား "
" ဟုတ်ကဲ့ပါ boss "
" သားလေးက ဒယ်ဒီ့ဆီလာ " ။
ခေါ်လိုက်တော့ မကြည်ဆီကနေ တုတ်တုတ်၊ တုတ်တုတ်နဲ့ပြေးလာတဲ့ ပေါက်ဆီလုံးလေး ။" တိုတို "
" ငိ၊ မင်းငါ့ကို အရှက်ခွဲလိုက်တာပေါ့ ' ဘုန်းနေထွဋ်ခေါင် ' " ။
တိမ် ထိုင်ခုံမှာထိုင်နေတုန်း မျက်စိရှေ့ကို ရောက်လာတဲ့ ဖြူဖြူဖွေးဖွေး ခြေထောက်လေးတစ်စုံ ။ ခေါ်တာကလည်း ...." ဒီဒီ ၊ တိုတိုက ဘူရဲဟင် "
" ကိုကို့ နာမည် ၊ တိမ်နေယံပါ ၊ ကလေးလေးနာမည်ကကော "
" ညေနာမည်က ' ဘုန်းညေရွှတ်ရှောင် ' "
" ဘယ်လို "
" ဘုန်းနေထွဋ်ခေါင် " လို့ပြောတာ "
" သားလေးက အသက် ၂ နှစ်လောက်လဲ ရှိသေးတာမလို့ "
" အော် ၊ ဟုတ်ကဲ့ " ။" ဆိုတော့ မင်းနာမည်က တိမ်နေယံပေါ့ "
" ဟုတ်ကဲ့ "
" Uncle ကတော့ပြောထားပါတယ်၊ ဟိုနေ့တုန်းက ၊ မင်းကို အလုပ်သင်အဖြစ် လက်ခံပေးဖို့ "
" ဟုတ် ၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပြီး သင်ယူပါ့မယ် ၊ ကျွန်တော့်ကို လက်ခံပေးပါနော် ဦး "။

ANDA SEDANG MEMBACA
ချစ်ခြင်းမေတ္တာဟူသည် [ 𝖢𝗈𝗆𝗉𝗅𝖾𝗍𝖾𝖽 ]
Romantika၅၂၈ အချစ်ဘဲဖြစ်ဖြစ်၊ ၁၅၀၀ အချစ်ဘဲဖြစ်ဖြစ် ချစ်ခြင်းမေတ္တာဟူသည်....🤍 Starting Date - 10.12.2021 Ending Date - 20.2.2022